ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းထုတ်ကုန်များကို မြှင့်တင်ရန်နှင့်နိုင်ငံတကာဈေးကွက်ချဲ့ထွင်ရန်အတွက် ပို့ကုန်ဝန်ဆောင်မှု စင်တာ(ESC) ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ESC သည် ပို့ကုန်လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းများ၊ ဝယ်ယူသူများနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ အရေးကြီးသော သိမြင်မှုများကို ထောက်ပံ့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးရန်ရည်ရွယ်သည်။ အဆိုပါအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul မှ ဥက္ကဋ္ဌ အဖြစ်ဦးဆောင် ကျင်းပခဲ့ပြီး သံအမတ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ESC တည်ထောင်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန ( CBI ) နှင့်ပူးပေါင်း၍ ကမ္ဘောဒီးယားပို့ကုန်များကို မြှင့်တင်ရန်နှင့် ကုန်သည်များအား နိုင်ငံတကာဈေးကွက်အတွက် ပြင်ဆင်ရာတွင် ကူညီရန်ရည်ရွယ်သည်။ ပို့ကုန်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများအကြောင်း ပို့မိုလေ့လာလိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ Website နှင့် ပို့ကုန်ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်လေ့လာနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)