စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ မကာအိုယူနီယံပေးသွင်းသူများအသင်း (MUSA) တို့ သည် မကာအိုတွင်ရှိသော မိတ်ဖက်ဈေးကွက်များနှင့် ပေးသွင်းသူ ၁,၀၀၀ ကျော်နှင့်ချိတ်ဆက်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်မှုအခွင့်အလမ်းများတိုးမြှင့်ရန်နှင့် ဒေသတွင်း၌ ပိုမိုခိုင်မာသောစီးပွားရေးဆက်ဆံမှုများကို မြှင့်တင်ရန်မျှော်လင့်ကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်းရေးမှူး Lim Lork Piseth နှင့် မကာအိုယူနီယံပေးသွင်းသူများအသင်း (MUSA) ဥက္ကဋ္ဌ Kit Heng Lei တို့ အောက်တိုဘာလ ၃၀ရက်နေ့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ထိုလက်မှတ်ရေးထိုးပွဲအခမ်းအနားကို မကာအိုဥပဒေပြုကောင်စီဥက္ကဋ္ဌ Kao Kaixian နှင့် မကာအို (SAR) ဗဟိုပြည်သူ့အစိုးရဆက်ဆံရေးရုံး၊ စီးပွားရေးဌာနကိုယ်စားလှယ် Dong Wei တို့က ဦးဆောင်ကျင်းပခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့တွင် စီးပွားရေးအခွင့်အလမ်းများအကြောင်းကိုဆွေးနွေးခဲ့ကြပြီး တရုတ်-ကမ္ဘောဒီးယားတို့အကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များအကောင်အထည်ဖော်ရေးတို့ကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
Source: Khmer Times
DOCA(ရန်ကုန်)