ထိုင်းနိုင်ငံ၏ ယခုနှစ်တင်ပို့မှုသည် ၂% ကျော်ကြီးထွားနိုင်ပြီး ယခင်ခန့်မှန်းချက်ကို ကျော်ဖြတ်နိုင်ကြောင်း ထိုင်းအမျိုးသားပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီက ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Chaichan Chareonsuk ကအဆိုးဆုံးအနေဖြင့် အကယ်၍ ယခုနှစ် စတုတ္ထ ၃လပတ်ကာလကြီးထွားမှုသည် ၂၀၂၃ခုနှစ်နှင့်တူညီပါက တင်ပို့မှုသည် ၂% ကျော်သင့်ကြောင်းပြောကြားခဲ့ပါသည်။ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် တင်ပို့မှုသည် စက်တင်ဘာလတွင် နှစ်အစပိုင်းထက် ၁.၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုင်းအစိုးရသည် ယခုနှစ်၏ တင်ပို့မှုကြီးထွားနှုန်းကို ၂% ရည်မှန်းထားပြီး စံချိန်တင်တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၀ဘီလီယံရရှိရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဇန်နဝါရီလ-စက်တင်ဘာလကာလတွင် တင်ပို့မှုသည် ၂၀၂၃ တူညီသည့်ကာလထက် ၃.၉% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ တင်ပို့မှုများသည် ယခုနှစ် နောက်ဆုံး ၃လပတ်ကာလတွင် ဆက်လက်မြင့်တက်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ Mr.Chaichan က ယခုနှစ်၏ နောက်ဆုံး ၃လပတ်ကာလတွင် ဘတ်ငွေတန်ဖိုးတိုးတက်မှုမှတစ်ဆင့် တင်ပို့သူများအကြား ငွေလဲမှုနှင့် ဆုံးရှုံးမှုတချို့ဖြစ်နိုင်ကြောင်းနှင့် ငွေလဲနှုန်း ၃၃.၅ မှ ၃၃.၈ သည် စီမံခန့်ခွဲနိုင်သည်ဟုယူဆရကြောင်း ပြောကြားခဲ့ပါသည်။
Source : Bangkok Post
DOCA(ရန်ကုန်)