၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံဆန်တင်ပို့မှု စံချိန်သစ်တင်နိုင်ချေရှိ

Powered by Drupal

ယခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၈၀၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၅သန်းရရှိခဲ့သည့်အတွက် ယခုနှစ် ပထမဆယ်လတာကာလတွင် နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၇.၈ သန်းရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလတွင် ပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ ခန့်မှန်းတစ်တန်ကို ၆၂၆.၂ အမေရိကန်ဒေါ်လာရှိပြီး တင်ပို့မှုကြီးထွားလာခြင်းနှင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကြောင့် ယခုနှစ် ဆန်တင်ပို့မှုသည် ၂၀၂၃ခုနှစ်ကတင်ထားသည့် ဆန်တန်ချိန် ၈.၁ သန်းတင်ပို့သည့် စံချိန်ကိုကျော်ဖြတ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ မဲခေါင်ဒယ်တာမှ ကုန်သည်တစ်ဦး၏အဆိုအရ ဈေးကွက်သည် အင်ဒိုနီးရှားတွင် နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog ၏ နိုဝင်ဘာလ အစောပိုင်းကာလတွင် ကြေညာမည့်ဆုံးဖြတ်ချက်တစ်ခုကို စောင့်ဆိုင်းနေကြောင်းပြောကြားခဲ့ပါသည်။ Bulog က အောက်တိုဘာလ ၂၄ရက်နေ့တွင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယတို့ထံမှ ဆန်တန်ချိန် ၅၀၀၀၀၀ ဝယ်ယူရန်အတွက် တင်ဒါအသစ်ကြေညာခဲ့ကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)