တရုတ်နိုင်ငံမှ ၎င်း၏ ဂျုံဝယ်ယူတင်သွင်းမှုအားလျှော့ချ

Powered by Drupal

တရုတ်နိုင်ငံ၏ ဂျုံတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၅၇% ကျဆင်းခဲ့ပြီး ပြောင်းဝယ်ယူမှုမှာ ၈၁% ကျဆင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် ကမ္ဘောပေါ်ရှိ ဒုတိယမြောက် ဂျုံနှင့်ပြောင်းအများဆုံးတင်သွင်းသော နိုင်ငံတစ်နိုင်ငံအတွက် နှစ်လဆက်တိုက် ရောင်းအားကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာနသည် ၂၀၂၄-၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဂျုံတန်ချိန် ၁၂သန်းနှင့် ပြောင်းတန်ချိန် ၁၉သန်းတင်သွင်းခဲ့ကြောင်း အမှတ်အသားပြုခဲ့သည်။ ၂၀၂၃-၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ အကြီးဆုံးဂျုံဈေးကွက်ဖြစ်ပြီး ကနေဒါနိုင်ငံမှ ကောက်ပဲသီးနှံတန်ချိန် ၃.၁ သန်းဝယ်ယူခဲ့ကြောင်း ကနေဒါသီးနှံကော်မရှင်၏ အချက်အလက်များအရသိရသည်။ ၂၀၂၂-၂၃ ခုနှစ်တွင်လည်း အများဆုံးဝယ်ယူတင်သွင်းသူဖြစ်ပြီး တန်ချိန် ၂.၉၇ သန်းတင်သွင်းခဲ့ကြောင်းသိရသည်။ ၂၀၂၄-၂၅ သီးနှံနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုသည် ယခင်နှစ်တန်ချိန် ၄၁၈၁၀၀ နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၅၅၇၀၀ သို့ သိသိသာသာကျဆင်းသွားခဲ့သည်။ တရုတ်မှ ဂျုံဝယ်ယူမှုလျော့နည်းသွားခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း၊ တစ်နှစ်တာအတွင်း ကနေဒါနိုင်ငံမှ ဂျုံများအတွက် ဝယ်လိုအားများလာနိုင်ကြောင်း၊ တရုတ်သို့ မရောင်းရပါကလည်း အခြားဂျုံဝယ်မည့်ဈေးကွက်များပေါ်လာနိုင်ကြောင်း Grain Fox မှ ဈေးကွက်ခွဲခြမ်းစိတ်ဖြာသူ Neil Townsend က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ တင်သွင်းမှုကျဆင်းမှုကို သေချာစွာမသိကြောင်း၊ ၎င်း၏ စီးပွားရေးရုန်းကန်နေရခြင်းကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းပြချက်ဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံမှ ကောက်ပဲသီးနှံများစွာရိတ်သိမ်းခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း၊ Townsend က ဆက်လက်ပြောကြားခဲ့သည်။
Source : Producer
DOCA(ရန်ကုန်)