အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ တွင် လျော့ကျခဲ့ကြောင်း စက်မှုလုပ်ငန်းအုပ်စုပြောကြား

Powered by Drupal

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ ရာသီတွင် မတ်ထရစ်တန်ချိန် ၁၀၂သန်းအထိ ထပ်မံကျဆင်းနိုင်သည်ဟုခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်းသော အိန္ဒိယနိုင်ငံသည် အောက်တိုဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၆သန်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း The Solvent Extractors Association of India ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ကပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၆.၅ သန်းတင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန္ဒိယသီးနှံများအတွက် ရာသီဥတုကောင်းမွန်သဖြင့် ပဲပုပ်နှင့် မြေပဲအစေ့အဆံများထုတ်လုပ်မှုမြင့်မားလာကြောင်း Mehta ကပြောကြားပြီး rapeseed အထွက်နှုန်းမှာလည်း မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၀၂၃-၂၀၂၄ တွင် တန်ချိန် ၉.၂ သန်းရှိမည်ဟုခန့်မှန်းထားပြီး ယခင်နှစ်တန်ချိန် ၉.၈ သန်းထက်ကျဆင်းခဲ့သည်။ နေကြာဆီတင်သွင်းမှုမှာ ယခင်နှစ်တန်ချိန် ၂.၉ သန်းနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃.၅ သန်းအထိပိုမိုများပြားလာခဲ့သည်။ စားအုန်းဆီသည် အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု၏ ၆၀% ဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင် စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လက်များ နေကြာဆီဘက်သို့ ပြောင်းလဲသွားကြကြောင်း Mehta ပြောကြားခဲ့သည်။
Source : economicitmes
DOCA(ရန်ကုန်)