စင်္ကာပူအာဏာပိုင်များသည် မလေးရှားနိုင်ငံမှ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်း ၁၀၀၀ ကီလိုဂရမ်အားဖမ်းဆီးရမိ

Powered by Drupal

               စင်္ကာပူနိုင်ငံ Woodland စစ်ဆေးရေးဂိတ်တွင် နှစ်ရက်ကြာပူးပေါင်းဆောင်ရွက်မှုတွင် မလေးရှားနိုင်ငံမှ တရားမဝင်တင်သွင်းလာသော လက်ဆတ်သောပြုပြင်ပြီးသားထုတ်ကုန်တစ်တန်ခန့်အား စင်္ကာပူအာဏာပိုင်များကဖမ်းဆီးရမိခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက် စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင် (ICA) မှ အရာရှိများသည် ကုန်တင်ကားနှစ်စီးရှိ ကုန်စည်ပို့ဆောင်မှုတွင် ကွဲလွဲမှုများအား သတိပြုမိခဲ့ပြီး ၎င်းတို့အားထပ်မံစစ်ဆေးရန်အတွက် စင်္ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) သို့လွှဲပြောင်းပေးခဲ့သည်။ SFA သည် ခရမ်ချဉ်သီး၊ ကြက်သွန်နီ၊ ဆလတ်၊ လှီးဖြတ်ထားသော ဂေါ်ဖီနှင့် သံပုရာသီးခြမ်းများအား တင်သွင်းသူနှစ်ဦးထံမှ တရားမဝင်တင်သွင်းလာသောထုတ်ကုန်များအပါအဝင် မကြေညာရသေးသောကုန်ပစ္စည်းများကို SFA မှ‌ဖမ်းဆီးရမိခဲ့သည်။ စင်္ကာပူနိုင်ငံရှိ အစားအသောက်တင်သွင်းမှုအားလုံးသည် SFA စည်းမျဉ်းကိုလိုက်နာရမည်ဖြစ်သည်။ လိုင်စင်ရ တင်သွင်းသူများမှသာလျှင်နိုင်ငံအတွင်းသို့ အစားအသောက်များသယ်ဆောင်လာနိုင်ပြီး ကုန်စည်ပို့ဆောင်မှုတိုင်းကိုတရားဝင်တင်သွင်းခွင့်ပါမစ်ဖြင့်ကြေညာပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ လက်ဆတ်သောသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား တရားမဝင်တင်သွင်းသည့်ပြစ်မှုကျူးလွန်သူများသည် အမြင့်ဆုံးဒဏ်ငွေ စင်္ကာပူဒေါ်လာ ၁၀၀၀၀နှင့် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်အထိချမှတ်ခံရမည်ဖြစ်သည်။ ပြုပြင်ပြီးသား သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့အား တရားမဝင်တင်သွင်းသူများသည် ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီးပြစ်မှု ထင်ရှားပါကဒဏ်ငွေစင်္ကာပူဒေါ်လာ ၂၀၀၀ အထိပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: thestars

DOCA(ရန်ကုန်)