တရုတ်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိသည့်စာချုပ်များ လက်မှတ် ရေးထိုးရန်ရှိ

Powered by Drupal

              အင်ဒိုနီးရှားသမ္မတ Prabowo ၏တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဥ်အတွင်း များစွာသောအင်ဒိုနီးရှားကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်တန်ဖိုးရှိသော စာချုပ်များအား တရုတ်ကုမ္ပဏီများနှင့်ပူပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးသွားမည်ဟု တရုတ်ဝန်ကြီးချုပ်  Li Qiang နှင့်အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။ အစည်းအဝေးကို (၉.၁၁.၂၀၂၄) ရက်နေ့တွင် Beijing တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှား သမ္မတသည် တရုတ်သမ္မတရှီနှင့်တွေ့ဆုံရန် စီစဥ်ထားကြောင်းသိရပါသည်။ Prabowo က အင်ဒိုနီးရှားတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများသည် လတ်တလောတွင် အလွန်ကြီးမားကြောင်း၊ ထိုအချက်သည် နှစ်နိုင်ငံစလုံးအကျိုးကျေးဇူးရရှိရန်အတွက် တရုတ်ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာခြင်းကိုပြသနေကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်အခမ်းအနားတွင်လည်း နယ်ပယ်အားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှုသိသာစွာမြင့်တက်လာရန်အလိုရှိကြောင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ကြီးချုပ် Li က Prabowo သည်သမ္မတအဖြစ်စတင်တာဝန်ယူပြီးနောက် ပထမဆုံးပြည်ပခရီးစဥ်အဖြစ် တရုတ်နိုင်ငံအားရွေးချယ်ခဲ့ခြင်းသည် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးအရေးပါမှုကိုပြသနေကြောင်း ပူးပေါင်းအားထုတ်မှုများအရ တရုတ်-အင်ဒိုနီးရှားဆက်ဆံရေးသည် ဆက်လက်တိုးတက်ကာ မျှ‌ဝေသည့်အနာဂတ်နှင့်အသိုက်အဝန်းသစ်တည်ဆောက်ရာတွင် စင်မြင့်သစ်တစ်ခုအနေဖြင့် ဝင်ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Antara News

DOCA(ရန်ကုန်)