အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနကပြည်ပစျေးကွက်များသို့ထုတ်ကုန်များတိုးချဲ့တင်ပို့ရန်စီစဉ်

Powered by Drupal

            အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga ကဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များ ပြည်ပသို့စျေးကွက်တိုးချဲ့မှု အရှိန်မြှင့်တင်ရန်စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။  Sambuaga ကတင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့စျေးကွက်သို့ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သတ်၍ အကောင်းမြင်သင့်ကြောင်း ၁.၁၁.၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ကုန်သွယ်ရေးကိုယ်စားလှယ် ၄၆ ဦးရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (ITPC)တွင် ၁၉ ဦး၊ ကုန်သွယ်ရေးသံမှူး ၂၄ ဦး၊ ကုန်သွယ်ရေးအတိုင်ပင်ခံတစ်ဦးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတွင်တစ်ဦးတို့ဖြစ်ကြောင်း သိရပါသည်။ Sambuaga ကအင်ဒိုနီးရှား၏ ကုန်သွယ်ရေးကိုယ်စားလှယ်များသည် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီရန်အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်း အချက်အလက်များအရနိုင်ငံသည် ၂၀၂၀ ခုနှစ်မေလမှ စ၍ ၄၄ လဆက်တိုက် ကုန်သွယ်ရေးပိုငွေ ပြခဲ့ကြောင်းသိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)