Temu နှင့် Shein တို့အားအစိုးရထံတွင်မှတ်ပုံတင်ရန်ဗီယက်နမ်မှပြောကြား

Powered by Drupal

               တရုတ်အွန်လိုင်းလက်လီရောင်းချသူများဖြစ်သော Temu နှင့် Shein တို့အား နိုဝင်ဘာလမကုန်မီအစိုးရထံတွင် မှတ်ပုံတင်ရန်လိုအပ်ကြောင်းသို့မဟုတ်ပါက ၎င်းတို့၏အင်တာနက်ဒိုမိန်းများနှင့်အက်ပ်များကိုနိုင်ငံအတွင်းအသုံပြုခြင်းမှပိတ်ပင်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်မှပြောကြားခဲ့သည်။ အလွန်အမင်းလျော့ဈေးများဖြင့်ရောင်းချနေခြင်းကြောင့် တရုတ်အွန်လိုင်းပလတ်ဖောင်းများ၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ ဗီယက်နမ်အစိုးရမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်ကြောင်းဖော်ပြခဲ့ကြသည်။ Temu နှင့် Shein တို့သည် မှတ်ချက်ပေးရန်တောင်းဆိုထားခြင်းအား ချက်ခြင်းတုံပြန်မှုမရှိသေးကြောင်းသိရသည်။ ဖက်ရှင်လက်လီရောင်းချသူ Shein သည်ဗီယက်နမ်နိုင်ငံ၌ အနည်းဆုံး ၂ နှစ်ရောင်းချခဲ့ပြီး၊ တရုတ် e-commerce ကုမ္ပဏီကြီး PDD Holding မှပိုင်ဆိုင်သော Temu သည်ဗီယက်နမ်ရှိပြည်သူများအားဈေးဝယ်ရန် ပြီးခဲ့သည့်လကစတင်ခွင့်ပြုခဲ့သည်။ ဗီယက်နမ်နိုင်ငံသည်ဒေါင်း ၁ သန်း (အမေရိကန်ဒေါ်လာ ၄၀) အထိတင်သွင်းထားသောကုန်ပစ္စည်းများကို တန်ဖိုးထပ်ခွန်မှ ကင်းလွတ်ခွင့်ပြုထားသည်။ ဤအခွန်စီးကြပ်မှုအမြတ်အများစုကို e-commerce ပလပ်ဖောင်း များမှတဆင့်တင်သွင်းပြီး အခွန်ဖြတ်တောက်မှုကိုရပ်ဆိုင်းရန်စဉ်းစားနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာမှပြောကြားခဲ့သည်။ Temu နှင့် Shein တို့သည်အခြားနေရာများတွင်လည်း တိုးမြှင့်စစ်ဆေးမှုများနှင့်တရားရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သောလတွင် အင်ဒိုနီးရှားကုန်သည်ငယ်များသည် အလွန်ဈေးပေါသောကုန်ပစ္စည်းများကိုယှဉ်ပြိုင်ခြင်းမှ ကာကွယ်ရန်အတွက် Temu အား Apple နှင့် Google Store တို့မှပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။ ဗီယက်နမ်၏ e-commerce ဈေးကွက်သည်ယခုနှစ်တွင်ဒေါ်လ ၂၂ ဘီလီယံတန်ဖိုးရှိကာ ၁၈ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ပြီးလျှင် အရှေ့တောင်အာရှတွင်တတိယအကြီးဆုံးဖြစ်ကြောင်း Google၊ Temasek နှင့် Bain & Company တို့၏ အစီရင်ခံစာအရသိရှိရသည်။

Source: Reuters

DOCA(ရန်ကုန်)