ယခုနှစ် ဆန်တင်ပို့မှု တန်ချိန် ၉ သန်းအထိ ရောက်ရှိမည်ဟု ထိုင်းအစိုးရ ခန့်မှန်း

Powered by Drupal

    ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၉ သန်းအထိ တိုးတက်လျက် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ ဘီလီယံခန့် ဝင်ငွေရရှိနိုင်မည်ဟု ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

     ယခုနှစ် ပထမ ကိုးလတာကာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇ ဒသမ ၄၅ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ဒသမ ၁၃ ရာခိုင်နှုန်း တိုးမြင့်လာ ကြောင်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၇၂ ဒသမ ၀၁၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၄၃ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ဖိုးသည် ၄၅ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အင်ဒိုနီးရှား၊ အီရတ်နှင့် အမေရိကန်တို့ကဲ့သို့ အဓိကစျေးကွက်များမှ ဆန်အဝယ်အမှာစာများ ဆက်လက်ရရှိနေခဲ့ကြောင်း ဝန်ကြီး Pichai က ပြောကြားခဲ့ခြင်းဖြစ်သည်။

     ရလဒ်အနေဖြင့် ယခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၉ သန်းအထိ ရောက်ရှိမည်ဟု ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာနနှင့် ထိုင်းဆန်တင်ပို့သူများအသင်းတို့အနေဖြင့် ယုံကြည်လျက်ရှိကြ ကြောင်း သိရပါသည်။

Source: The Nation Thailand, 10 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)