လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားသောက်ထုတ်ကုန်များအားလုံး စားသုံးသူများဘေးကင်းလုံခြုံစေရေးအလို့ငှာ လာအိုဘာသာဖြင့် ကုန်အမှတ်တံဆိပ်များ ကပ်ရန်နှင့် အစားအသောက်နှင့်ဆေးဝါးမှတ်ပုံတင်ဌာနတွင် လာမည့် ၂၀၂၅၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ သတ်မှတ်ထားသည့် လိုအပ်သောစည်းမျဉ်းနည်းလမ်းများအတိုင်းမှတ်ပုံတင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါနည်းဥပဒေအသစ်တွင် သတ်မှတ်ထားသော ကုန်အညွှန်းမှတ်သားများထည့်သွင်းရန်အတွက် အသင့်စားသောက်နေသော အစားသောက်များ၊ ဗီတာမင်ပါသော အဖျော်ယမကာများနှင့် အစားသောက်များနှင့် အားဖြည့်အချိုရည်များနှင့် ရေသန့်များကို အဓိကထား၍ဖော်ပြထားသည်။ အဆိုပါထုတ်ကုန်များသည် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် တင်းကြပ်သော တံဆိပ်ကပ်ခြင်းနှင့် မှတ်ပုံတင်ခြင်းစံနှုန်းများနှင့်ကိုက်ညီရမည်ဖြစ်သည်။
ပထမအဆင့်အနေဖြင့် ၂၀၂၅ ဇန်နဝါရီလမှစတင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်မထားသော အစားသောက်ထုတ်ကုန်များ၊ လာအိုဘာသာစကားနှင့် FDA နံပါတ်များနှင့် တံဆိပ်များမပါရှိဘဲ လာအိုတွင် တင်သွင်းရောင်းချမည့် အစားသောက်များကိုတားမြစ်မည်ဖြစ်သည်။ အဆိုပါအဆင့်တွင် ကုမ္ပဏီများသည် ၎င်းတို့၏ထုတ်ကုန်များကို ကုန်အမှတ်တံဆိပ်အပြည့်အစုံထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး၊ FDA နံပါတ်များနှင့် လာအိုဘာသာစကားဖြင့် ကုန်အမှတ်တံဆိပ်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ယာယီဖြေရှင်းသည့်အနေဖြင့် ကော်စတ်စကာများကိုအသုံးပြုရမည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ၂၀၂၅ ဇူလိုင်လမှစ၍ ယာယီစတစ်ကာများကပ်ခြင်းကို ခွင့်မပြုတော့ဘဲ အစားသောက်ထုပ်ပိုးမှုအားလုံးတွင် ထုတ်လုပ်သူအနေဖြင့် ကုန်ပစ္စည်းအပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ထားသော လာအိုဘာသာစကားပါ ကုန်အညွှန်းအမှတ်အသားများ၊ FDA မှတ်ပုံတင်နံပါတ်များပါရှိရမည်ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် ယာယီစတစ်ကာကပ်ခွင့်ပြုစဉ်ကာလနှင့် ကုန်ပစ္စည်းထုတ်လုပ်စဉ်ကာလအတွင်း ကုမ္ပဏီများကို အပြည့်အဝလိုက်လျောညီထွေရှိသော ထုတ်ပိုးမှုသို့ ပြောင်းရန်လိုအပ်ကြောင်း၊ အဆိုပါစည်းကမ်းများကို မလိုက်နာသောကုမ္ပဏီများသည် ဒဏ်ကြေးငွေများ၊ ကုန်ပစ္စည်းများသိမ်းဆည်းခြင်းနှင့် လုပ်ငန်းလိုင်စင်များရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်း လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။
SOURCES-LAOS TIMES
DOCA(မန္တလေး)