တရုတ်နိုင်ငံ Chongqing မြို့တော်တွင် လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဗီယက်နမ် နှင့်တရုတ်လုပ်ငန်းများသည် ကုန်သွယ်ရေး-စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် မီဒီယာတို့တွင် လွှမ်းခြုံထားသည့်နားလည်မှုသဝဏ်လွှာ (MOU) ၇ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ ထိုပွဲကို ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် Chongqing ၏ အာဆီယံတွင်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်လျှက်ရှိပြီး နှစ်ဖက်ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်မှစ၍ ကြီးထွားလာကြောင်းသိရပါသည်။ ယခုနှစ်သည် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနအောက်ရှိ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီက Chongqing မြို့တွင်ပထမဆုံး ဗီယက်နမ်ကုန်သွယ်ရေးရုံး ဖွင့်လှစ်သည့်နှစ်ဖြစ်ကြောင်းသိရပါသည်။ ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နှင့် Chongqing ကြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၂.၈၄ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ ယခုအချိန်တွင် Chongqing ရှိစျေးများတွင် ဗီယက်နမ်၏ကော်ဖီ၊ သစ်သီးမှစ၍ ပင်လယ်စာများထိလွှမ်းခြုံနေပြီဖြစ်ပြီး အပြန်အလှန်အားဖြင့် Chongqing မြို့မှမော်တော်ကားအစိတ်အပိုင်းများ၊ မော်တော်ဆိုင်ကယ်များနှင့် အီလတ်ထရောနစ်ထုတ်ကုန်များသည် ဗီယက်နမ်နိုင်ငံတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး နှစ်နိုင်ငံလုံးအတွက်အပြန်အလှန် အကျိုးဖြစ်ထွန်းနေကြကြောင်းသိရပါသည်။ Chongqing အကောက်ခွန်၏ အချက်အလက်များအရ ယခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလ ကာလအတွင်း မြို့တော်နှင့် နိုင်ငံ၏အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ Chongqing မှကုမ္ပဏီ ၃၀ ကျော်သည် ဗီယက်နမ်၏လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများနှင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် Chongqing တွင်ထုတ်လုပ်သည့် မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များတင်ပို့ရာ အရေးပါသောနေရာအဖြစ် ဖြစ်ပေါ်လာကြောင်းသိရပါသည်။ ထို့ပြင်ဗီယက်နမ်သည် Chongqing ကိုချိတ်ဆက်ထားသည့် ကုန်းမြေ-ပင်လယ်စင်္ကြန်လမ်းကြောင်းမှတစ်ဆင့် ကုန်ပစ္စည်းပမာဏ အမြင့်မားဆုံးသယ်ယူပို့ဆောင်သည့် အရှေ့တော်အာရှနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျှက်ရှိကြောင်း သိရှိရပါသည်။
Vietnamplus
DOCA(ရန်ကုန်)