ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ၁၆ ရာခိုင်နှုန်းတိုးလာ

Powered by Drupal

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လတွင် ကုန်ပစ္စည်းများတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ၁၈.၅၉ ဘီလီယံ ရှိခဲ့ပြီး  ၁၆ ရာခိုင်နှုန်းတိုးလာကြောင်း ၁၁-၁၁-၂၀၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ ပို့ကုန်များတွင်အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီး၊ သရက်သီးနှင့်ပဲများစသည်တို့ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အထွေထွေအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းသွင်းကုန် အမေရိကန်ဒေါ်လာ ၂၃.၄၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်းအစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။ အဓိကတင်သွင်းသည့်ကုန်စည်များမှာ ရေနံ၊ အထည်ချုပ်၊ ဖိနပ်နှင့် အီလက်ထရောနစ်ပစ္စည်း တို့ပါဝင်သည်။ ကမ္ဘောဒီးယားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (CCFTA) တို့သည် နိုင်ငံ၏ကုန်သွယ်မှုတိုးတက်မှုကို အရှိန်အဟုန်မြှင့်ပေးကြောင်းပြောကြားခဲ့သည်။

 

Source: Khmer Times

DOCA(ရန်ကုန်)