ယခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၉သန်းအထိတိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ဒသမ ၄ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ဘီလီယံရရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုနှစ် ပထမကိုးလတာကာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇ဒသမ ၄၅သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ဒသမ ၁၃ရာခိုင်နှုန်းတိုးမြင့်လာကြောင်း Pichai က ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်တင်ပို့မှုမှ ဘတ်ငွေ ၁၇၂.၀၁၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄.၈၄၃ ဘီလီယံရရှိခဲ့သည်။ ပထမကိုးလတာကာလအတွင်း ဆန်တင်ပို့မှုတန်ဖိုးသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၅ဒသမ ၈၅ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၊ အီရတ်နှင့် အမေရိကန်တို့ကဲ့သို့ အဓိကစျေးကွက်များမှ အမှာစာများဆက်လက်ရှိနေခဲ့ကြောင်း Pichai က ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုဌာနနှင့် ထိုင်းဆန်တင်ပို့သူများအသင်းတို့သည် ယခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၉သန်းအထိရှိလာမည်ဟုယုံကြည်ကြသည်။
Sources-The Thailand Nations
DOCA(မန္တလေး)