အမေရိကန်၏ ကန့်သတ်ချက်များကြောင့် ငါးနှစ်အတွင်းတရုတ် Chips ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ပိတ်ခဲ့ရ

Powered by Drupal

                Loberty Times ၏အဆိုအရ အမေရိကန်သည် တရုတ်နိုင်ငံ၏ဆီမီးကွန်ဒတ်တာလုပ်ငန်းအား ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားသောကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ကို ၂၀၂၃ ခုနှစ်အကုန်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် အသေးစားနှင့်အလတ်စားကုမ္ပဏီများသည် လိုအပ်သောပင်မနည်းပညာများနည်းပါးပြီး နည်းပညာဆိုင်ရာအတားအဆီးများကို ကျော်လွှားရန်အခက်အခဲများနှင့်ရင်ဆိုင်ရခြင်းကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီများအများအပြား လုပ်ငန်းမှထွက်ခွာသွားကြကြောင်း အစီရင်ခံစာကထောက်ပြထားသည်။ နောက်ထပ်ပြဿနာတစ်ခုမှာ အစီရင်ခံစာတွင်ဖော်ပြထားသည့်အတိုင်း အသေးစားချစ်ပ်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုနည်းပါးသွားခြင်းပင်ဖြစ်သည်။ အမေရိကန်သည် တရုတ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံမှုကိုကန့်သတ်ထားပြီး အမေရိကန်ပိတ်ဆို့အရေးယူမှုအောက်တွင် ဥရောပရင်းနှီးမြှုပ်နှံသူများသည် တရုတ်ချစ်ပ်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံရန်တုံ့ဆိုင်းလာကြသည်။ တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်စီမံကွပ်ကဲမှု၏ အချက်အလက်များကိုကိုးကား၍ ယခုနှစ်ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၂ ဘီလီယံခန့်ဖြင့် ချစ်ပ်ပေါင်း ၃၀၈.၁ ဘီလီယံတင်သွင်းခဲ့ပြီး ပမာဏမှာတစ်နှစ်ထက်တစ်နှစ် ၁၄.၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ၂၀၂၃ ခုနှစ်အလားတူနှင့်နှိုင်းယှဉ်ပါကတန်ဖိုး ၁၁.၅ ရာခိုင်နှုန်းတိုးလာပြီး တရုတ်ကုမ္ပဏီများသည် စွမ်းဆောင်ရည်မြင့်ချစ်ပ်များကို တက်ကြွစွာစုဆောင်းနေကြောင်းညွှန်ပြလျက်ရှိသည်။ ယခုနှစ်ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံသည် မော်တော်ကားများ၊ အိမ်သုံးပစ္စည်းများနှင့် အမျိုးမျိုးသောအီလက်ထရောနစ်ပစ္စည်းများတွင် အဓိကအသုံးပြု့သည့်ချစ်ပ် ၁၆၆.၆ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး စုစုပေါင်းပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၁၀.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရှိရပါသည်။

Source: trend force

DOCA(ရန်ကုန်)