ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း ဗီယက်နမ်နိုင်ငံအဝတ်အထည်နှင့် အထည်အလိပ်အသင်း( VUTAS) ၏ ဥက္ကဌဖြစ်သူ Vu Duc Giang ကပြောကြားခဲ့ပါသည်။ VITAS ၏အဆိုအရ အောက်တိုဘာလတွင် အဝတ်အထည်နှင့်အထည်အလိပ်စုစုပေါင်းတင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၈၆ ဘီလီယံရရှိခဲ့ပြီး စက်တင်ဘာလထက် ၁၀.၇% မြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထက် ၂၄.၂၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ပထမ ၁၀လတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၃၆.၁၁ ဘီလီယံရရှိခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၉.၈၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည်အဝတ်အထည်နှင့်အထည်အလိပ်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်သို့တင်ပို့ခဲ့ကြောင်းသိရပါသည်။ Giang က US၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်ကဲ့သို့သော ဗီယက်နမ်၏အဓိကတင်ပို့ရာစျေးကွက်များတွင် ကြီးထွားမှုဆက်လက်ထိန်းထားနိုင်မှုကြောင့် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှာ ယခုနှစ်တွင် ဆက်လက်မြင့်တက်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံ၊ ရုရှားနှင့်ကနေဒါစျေးကွက်များတွင်လည်း စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ရောင်းချမှုများကို မြှင့်တင်ရန်အလားအလာရှိနေကြောင်းသိရပါသည်။ ထို့ပြင်ကုန်စည်တင်ပို့မှုနှုန်းထားများမှာလည်း အကျဘက်သို့ဦးတည်နေခြင်းကလည်းအဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုကြီးထွားမှုကို ပံ့ပိုးပေးနေကြောင်းသိရပါသည်။ထို့ပြင် အမေရိကန်နှင့် ဥရောပအတိုးနှုန်းမူဝါဒတည်ငြိမ်နေမှုသည် နှစ်ကုန်ပိုင်းတွင် ဝယ်လိုအားကိုလှုံ့ဆော်ပေးနိုင်ရန်မျှော်လင့်ရကြောင်းသိရပါသည်။ သို့သော် Giang က အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းနယ်ပယ်သည် အခွင့်အလမ်းများကိုရှာဖွေရန်နှင့် လိုက်လျောညီထွေရှိရန်အတွက် စီးပွားရေးလုပ်ငန်းများက နည်းပညာတွင်ရင်းနှီးမြှုပ်နှံရန်လိုအပ်သော ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အစိမ်းရောင်စီးပွားရေးကိုဦးတည်မှုကြီးထွားလာမှုနှင့် EU နှင့် အမေရိကန်တို့တွင်ဝယ်ယူသူများက တင်းကျပ်သောစံနှုန်းများချမှတ်လာမှုတို့ပါဝင်သော များစွာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပါသည်။
VietnamPlus
DOCA(ရန်ကုန်)