VinFast ကဗီယက်နမ်စျေးကွက်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်ဖြစ်လာ

Powered by Drupal

                ဗီယက်နမ်နိုင်ငံအခြေစိုက် Vingroup ၏ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် အောက်တိုဘာလတွင် EV အစင်း ၁၁၀၀၀ရောင်းချခဲ့ပြီး ၂၀၂၄ ၏ ပထမဆယ်လတာကာလအတွက် စုစုပေါင်းအစင်းရေ ၅၁၀၀၀ရောင်းချခဲ့ရသည့်အတွက် ဗီယက်နမ်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့ကြောင်းသိရပါသည်။ VF 3 နှင့် VF 5 တို့မှာအ‌ရောင်းရဆုံးမော်ဒယ်များဖြစ်ပြီး အစင်းရေ ၅၀၀၀ နီးပါးနှင့် ၂၆၀၀ ကျော်အသီးသီးရောင်းချခဲ့ရကြောင်းသိရပါသည်။ VF 6၊ VF 7၊  VF 8၊ VF 9နှင့် VF e34 တို့ပါဝင်သော အခြားမော်ဒယ်များမှာလည်း အထင်ကြီးဖွယ်‌ရောင်းချရမှုပမာဏရှိခဲ့ပြီး စားသုံးသူများ၏ လျှပ်စစ်မော်တော်ယာဥ်များနှင့် အစိမ်းရောင်အရွေ့ဆီသို့ ဦးစားပေးမှုကြီးထွားလာခြင်းကို ရောင်ပြန်ဟပ်နေကြောင်းသိရပါသည်။ ဗီယက်နမ်၏အရောင်းရဆုံး ကားအမှတ်တံဆိပ်အဖြစ် VinFast ၏အောင်မြင်မှုသည် ပြည်တွင်းမော်တော်ယာဥ်လုပ်ငန်းနယ်ပယ်အတွက် သိသာထင်ရှားသောအလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ကြောင်းသိရပါသည်။ VinFast သည်စျေးကွက်အတွင်းဝင်ရောက်လာသည့် ၅ နှစ်အတွင်း အားကောင်းသောအနေအထားကို တည်ထောင်နိုင်ရုံသာမက ပြည်ပကားအမှတ်တံဆိပ်များကို တရားဝင်ကျော်ဖြတ်ကာ အကြီးမားဆုံးစျေးကွက်ဝေစုကို ရယူနိုင်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ၎င်းတို့သည် ဓာတ်ဆီစွမ်းအင်သုံးမော်‌တော်ကားအမှတ်တံဆိပ်များကို ကျော်ဖြတ်နိုင်သည့် ပထမဆုံး EV အမှတ်တံဆိပ်ဖြစ်ခဲ့ပြီး သန့်စင်သောလျှပ်စစ်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းပြီးနောက် ၂ နှစ်အတွင်း စျေးကွက်ကိုဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)