တောင်အာရှတွင်ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအတွက်များစွာသောအခွင့်အလမ်းများ စောင့်ကြိုလျက်ရှိ

Powered by Drupal

                  တောင်အာရှသည် ဗီယက်နမ်၏အဓိကပို့ကုန်များအတွက် သင့်လျှော်သည့်တည်ငြိမ်မှုရှိသော စားသုံးသူဝယ်လိုအားနှင့် ကျယ်ပြန့်သည့်စျေးကွက်ဖြစ်သော်လည်း ထိုဒေသတွင် ကုန်သွယ်ရေးအလားအလာသည် အပြည့်အဝရောက်ရှိရန်ဆက်လက်ကျန်ရှိနေသေးကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ၁၃ ရက်နေ့ကကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများကပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို International Integration Support အတွက်ဟိုချီမင်းမြို့တော်စင်တာ (CIIS)၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အာရှ-အာဖရိကစျေးကွက်ဦးစီးဌာနကပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်သိသာထင်ရှားသော အခွင့်အလမ်းများကိုအသားပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အာရှ-အာဖရိက စျေးကွက်ဦးစီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Do Quoc Hung ၏အဆိုအရ နိုင်ငံပေါင်း၈နိုင်ငံနှင့် လူဦးရေ ၂ ဘီလီယံကျော်နှင့် အားကောင်းသောဝယ်လိုအားရှိသော ထိုဒေသသည် ဗီယက်နမ် အတွက် အာမခံချက်ရှိသောစျေးကွက်တစ်ခုဖြစ်ကြောင်းသိရပါသည်။ တောင်အာရှသည်စက်ပစ္စည်းများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊‌ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊အဝတ်အထည်၊ အထည်အလိမ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များပါဝင်သည့် ဗီယက်နမ်ပို့ကုန်များအတွက် သိသာထင်ရှားသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း ၂၀၂၃ ခုနှစ်တွင် တင်ပို့မှုမှာအမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံသာရှိခဲ့ပြီး နိုင်ငံ၏အာရှ-အာဖရိကသို့ စုစုပေါင်းတင်ပို့မှု၏ ၄% ထက်လျှော့နည်းသောကြောင့် ကုန်သွယ်မှုပမာဏမှာ အလားအလာအောက်တွင်သာ ဆက်လက်တည်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏အချက်အလက်များအရ ယခုနှစ်ပထမ ၁၀ လအတွင်း ဗီယက်နမ်နှင့် တောင်အာရှနိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံရှိခဲ့ပြီး၂၀၂၃ခုနှစ်တူညီသည့် ကာလထက် ၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ် ကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၉.၃ ဘီလီယံရှိပြီး ၁၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။သို့သော်အတွေ့အကြုံအကန့်အသတ်ရှိနေခြင်း၊ စျေးကွက် အတွေ့အကြုံနည်းပါးခြင်း၊ တင်ပို့ရန်အတွက် တင်းကျပ်သောနည်းစနစ်အတားအဆီးများရှိနေခြင်းနှင့် စျေးကွက်တွင်ကာကွယ်ရေး စီမံချက်များမြင့်တက်လာခြင်းတို့ကြောင့် ဗီယက်နမ်လုပ်ငန်းများသည် စျေးကွက်သို့အပြည့်အဝဝင်ဆံ့ခြင်းမရှိသေးကြောင်းသိရပါသည်။ CIIS ၏ဒုတိယညွှန်ကြားရေးမှူးဖြစ်သူHuynh Minh Vu ကစျေးကွက်သတင်းအချက်အလက်မလုံလောက်မှု၊ ရှုပ်ထွေးသောစီးပွားရေးဝန်းကျင်နှင့် စီးပွားရေးအလေ့အကျင့်နှင့်ယဉ်ကျေးမှုကွဲပြားခြင်းတို့ကြောင့် ဗီယက်နမ်လုပ်ငန်းများသည်စျေးကွက်စူးစမ်းရှာဖွေရန်တွန့်ဆုတ်နေကြ ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်တောင်အာရှနိုင်ငံများသည် IT၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်ခြင်းကဏ္ဍတို့တွင် စျေးကွက်များကွဲပြားရှာဖွေလာခြင်းကြောင့် ဗီယက်နမ်လုပ်ငန်းများအတွက် အဝတ်အထည်၊ အထည်အလိပ်နှင့် စိုက်ပျိုးရေးကဲ့သို့သော ရိုးရှင်းသောလုပ်ငန်းနယ်ပယ်ကိုကျော်လွန်ကာ အခွင့်အလမ်းများပေါ်ပေါက်လာကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Bui Trung Thuong ကတောင်အာရှသို့အောင်မြင်သောစျေးကွက်လမ်းကြောင်းရရှိရန် စီးပွား‌ရေးလုပ်ငန်းများသည် စျေးကွက်ရှာဖွေမှုကနဦးစတင်ရန်၊ မဟာဗျူဟာများတည်ထောင်ရန်နှင့် ထုတ်ကုန်များကိုအသစ်ပြုပြင်ဖန်တီးရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်ရေရှည်တွင် ဗီယက်နမ်သည် ထိုစျေးကွက်တွင် ဗီယက်နမ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ၎င်းတို့၏ထောက်ပံ့ပို့ဆောင်ရေးစနစ်နှင့် သယ်ယူပို့ဆောင်ရေးစင်္ကြန်ကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး သယ်ယူမှုကုန်ကျစရိတ်ကိုလျှောချသင့်ကြောင်း Thuong ကဆက်လက် ပြောကြားခဲ့ပါသည်။

VietnamPlus

DOCA(ရန်ကုန်)