ဗီယက်နမ်နိုင်ငံ Hai Phong မြို့တော်မှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂ခုရရှိ

Powered by Drupal

         ဗီယက်နမ်နိုင်ငံ‌မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့တော်ဖြစ်သည့် Hai Phong သည် အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂ခုအတွက် အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေ‌ထွေအတွင်းရေးမှူးဖြစ်သူ To Lam ၊ ဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊‌ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရပါသည်။ လိုင်စင်အသစ်ချထားပေးသည့်ထို စီမံကိန်းများတွင် စီမံကိန်းအသစ်များပါဝင်သကဲ့သို့ တည်ရှိပီးစီမံကိန်းများကို ထပ်မံတိုးချဲ့ခြင်းတို့လည်းပါဝင်ကြောင်းသိရပြီး အလုပ်အကိုင် ၁၇၀၀၀ ဖန်တီးပေးနိုင်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၁၁လတာကာလတွင် မြို့တော်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မတည်‌ငွေရရှိခဲ့ကြောင်းသိရပါသည်။ ယခုအချိန်ထိ မြို့တော်သည် အမေရိကန်‌ဒေါ်လာ ၃၂.၂ ဘီလီယံတန်ဖိုးရှိသည့် FDI စီမံကိန်း၁၀၀၀ခန့်ကို နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံတန်ဖိုးရှိသည့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၂၈ခုထိရရှိခဲ့ကြောင်းသိရပါသည်။ ထိုပမာဏထဲမှ အများစုသည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ယခင်ကလည်း LG Group၊ SK Group နှင့် VinFast Automaker တို့ပါဝင်သည့် အဓိကနိုင်ငံတကာကော်ပိုရေးရှင်းများသည်Hai Phong တွင် လုပ်ငန်းလည်ပတ်မှုများစတင်ခဲ့ပြီး မြို့တော်သည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်အတွင်းသို့ ဆက်လက်ဝင်ရောက်လျက်ရှိသည်ဟုသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)