ဗီယက်နမ်နိုင်ငံ၏ ပုံသေပိုင်စက်မှုလုပ်ငန်းကဏ္ဍသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိ

Powered by Drupal

         ဗီယက်နမ်နိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍသည် အားကောင်းသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်နှုန်း၊ ကြီးမားသောအခြေခံအဆောက်အအုံစီမံကိန်းများ၊ သင့်လျော်သောစည်းမျဥ်းများကြောင့် သိသာထင်ရှားသော အသွင်ကူးပြောင်းမှုရရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှုလှိုင်းများကို ဆွဲဆောင်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်အိမ်ရာမြေအကြံပေးလုပ်ငန်းဖြစ်သည့် Savills Vietnam ၏ စက်မှုလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ John Campbell က ဗီယက်နမ်၏ အားကောင်းသော FDI ဝင်ရောက်နှုန်း၊ ဗျူဟာမြောက်သောတည်နေရာ၊ ယှဥ်ပြိုင်နိုင်စွမ်းရှိသောကုန်ကျနှုန်း၊ e-commerce ကြီးထွားမှု၊ ကုန်သွယ်ရေးတံခါးဖွင့်ထားမှုနှင့် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်အခန်းကဏ္ဍတို့သည် ၎င်းတို့၏ကုန်သိုလှောင်ခြင်းကဏ္ဍတွင် ရေရှည်ထောက်ပံ့နိုင်စွမ်းနှင့် စွမ်းဆောင်ရည်တို့တွင် အဓိကကျလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကျွမ်းကျင်သူ၏အဆိုအရ ပုံသေပိုင်စက်မှုလုပ်ငန်းကဏ္ဍ၊ နိုင်ငံတကာခရီးသွားကဏ္ဍနှင့် လက်လီရောင်းချမှုကဏ္ဍတို့ ပြန်လည်နာလံထူလာမှုကြောင့် ၂၀၂၄ တွင် ဗီယက်နမ်၏စီးပွားရေးကြီးထွားမှုသည် ၆.၁ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွနှုန်း ၄.၅ ရာခိုင်နှုန်းနှင့် FDI ၇ရာခိုင်နှုန်းတိုးတက်လာနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမ၉လတာကာလတွင် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများတွင် အီလတ်ထရောနစ်ပစ္စည်းများ၊ မော်တော်ယာဥ်တပ်ဆင်ပစ္စည်းများ၊ ဆီမီးကွန်ဒတ်တာများနှင့် အစိမ်းရောင်နည်းပညာတို့ပါဝင်ကြောင်းသိရပါသည်။ တောင်ကိုရီးယား၊ စင်ကာပူနှင့်ဂျပန်တို့ကဲ့သို့သော နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာမြင့်မားပြီး တန်ဖိုးမြင့်သောကုန်ထုတ်လုပ်ခြင်းကို အသွင်ကူးပြောင်းခဲ့ကြောင်းသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုလှိုင်းသစ်များကို ဆက်လက်ထိန်းသိမ်းရန် ဗီယက်နမ်နိုင်ငံသည် ဥရောပ၊ အမေရိကနှင့် အရှေ့တောင်အာရှတို့နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်စွမ်းရရှိစေမည့် မြောက်ပိုင်း_တောင်ပိုင်းအဝေးပြေး ကားလမ်း၊ Long Thanh နိုင်ငံတကာလေဆိပ်နှင့်Cai Mep ကဲ့သို့သော ရေနက်ဆိပ်ကမ်းများ အစရှိသည့် အခြေခံအဆောက်အအုံစီမံကိန်းများတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရပါသည်။ သယ်ယူပို့ဆောင်ရေးအပြင် ဗီယက်နမ်သည် e-commerce နှင့် ထောက်ပံ့ပို့ဆောင်ရေးကြီးထွားမှုကိုပံ့ပိုးရန် 5G ကွန်ရက်တိုးချဲ့ခြင်းနှင့်‌ ဒေတာစင်တာများဖွံ့ဖြိုးတိုးတက်ခြင်း စသည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတို့ကို အဆင့်မြှင့်တင်လျက်ရှိကြောင်းသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)