၂၀၂၄ခုနှစ်တွင် ဗီယက်နမ်၏ ဆန်တင်ပို့မှု စံချိန်သစ်တင်နိုင်ဖွယ်ရှိ

Powered by Drupal

         ကမ္ဘာလုံးဆိုင်ရာဆန်စျေးကွက်တွင် စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်တွင် စံချိန်သစ်အနေဖြင့် ဆန်တန်ချိန် ၈သန်းကျော်တင်ပို့နိုင်မည့် လမ်းကြောင်းပေါ် တွင် တည်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစားသောက်ကုန်အသင်းဒုတိယဥက္ကဋ္ဌနှင့် Intimex Group ၏ CEO ဖြစ်သူ Do Ha Nam က ၂၀၂၄ခုနှစ်သည် ဆန်တင်ပို့မှုအတွက် စံချိန်ချိုးဖြတ်နိုင်မည့်နှစ်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်တန်ဖိုးရှိသည့် ဆန်တန်ချိန် ၈သန်းကျော်တင်ပို့နိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဆန်တင်ပို့သည့် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ဖြင့် စံချိန်တင်မြင့်တက်နေကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုနှစ်၏ ပထမဆယ်လတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံတန်ဖိုးရှိသည့် ဆန်တန်ချိန်၇.၈ သန်းနီးပါးတင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလနှင့်နှိုင်းယှဥ်ပါက ပမာဏတွင် ၁၀.၂ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၃.၄ ရာခိုင်နှုန်းမြင့်တက ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ဆန်တင်ပို့သည့်ပျမ်းမျှစျေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၂၆ ဖြစ်ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်၏ အကြီးမားဆုံးဆန်တင်ပို့ရာစျေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၅ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်တွင် ဖိလစ်ပိုင်သည် ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၂.၉၁ သန်းတင်သွင်းခဲ့ပြီး ၎င်းတို့စုစုပေါင်းတင်သွင်းမှု၏ ၇၉ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ အခြားစျေးကွက်များတွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့ပါဝင်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးကလည်း ပြည်တွင်းစားသုံးမှုမြင့်တက်လာခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့် စိုက်ခင်းများပျက်စီးမှုကြောင့် ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖိလစ်ပိုင်၏ဆန်တင်သွင်းမှုမှာ ဆက်လက်မြင့်တက်နိုင်ကြောင်းသိရပါသည်။ သိသာထင်ရှားသောတိုးတက်မှုအနေဖြင့် ဗီယက်နမ်ကုမ္ပဏီများသည် အောက်တိုဘာလကုန်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆန် တန်ချိန် တင်ဒါ ၅၀၀၀၀၀ ခေါ်ယူရာတွင် ၈၃၅၀၀တင်ဒါအောင်ခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုပြန်လည်စတင်ခြင်းသည် ဗီယက်နမ်အတွက် သိသာစွာသက်ရောက်မှုမရှိနိုင်ကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယဆန်သည် အရည်အသွေနိမ့်ပြီး အဓိကအားဖြင့် အာဖရိကတိုက်သို့ တင်ပို့ခြင်းကြောင့်ဖြစ်ကြောင်းသိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဗီယက်နမ်လယ်သမားများသည် အရည်အသွေးမြင့်သောဆန်မျိုးကွဲများကို ပြောင်းလဲစိုက်ပျိုးသောကြောင့်ဖြစ်သည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ယခုနှစ်အတွက် ပြည်တွင်းဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၄သန်းရှိနိုင်သည်ဟုခန့်မှန်းခဲ့ပြီး ပြည်တွင်းစားသုံးမှုအတွက်သာမက တင်ပို့ရန်အတွက်ပါ ဖူလုံမှုရှိကြောင်းပြောကြားခဲ့ပါသည်။

VietnamPlus

DOCA(ရန်ကုန်)