တရားမဝင်သွင်းကုန်များအား အင်ဒိုနီးရှား ပြင်းထန်စွာအရေးယူမည်

Powered by Drupal

        အင်ဒိုနီးရှားသည် တရားမဝင်သွင်းကုန်များ ပြည်တွင်းစျေးကွက်သို့ ဝင်ရောက်လာခြင်းမှကာကွယ်ရန် ပြင်းထန်စွာအရေးယူမည်ဟုသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီးဖြစ်သူ Agus Gumiwang Kartasasmita က အင်ဒိုနီးရှားသည် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းကိုထိခိုက်စေသည့် မှောင်ခိုကုန်ပစ္စည်းများနှင့် စျေးပေါသောသွင်းကုန်များကို သည်းခံမည်မဟုတ်ကြောင်းနှင့် ၎င်းသည် စီးပွားရေးကိစ္စသာမက စက်မှုလုပ်ငန်းရှင်သန်နိုင်စွမ်းနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်းပြောကြားခဲ့ပါသည်။ Agus ၏အဆိုအရ မှောင်ခိုနှင့်တရားမဝင်သွင်းကုန်များဝင်ရောက်လာခြင်းမရှိစေရန် ကြီးကြပ်မှုနှင့် အရေးယူမှုလိုအပ်ကြောင်းသိရပါသည်။ အာဏာပိုင်များ အထူးသဖြင့် အကောက်ခွန်နှင့် ပြည်တွင်းအခွန်ညွှန်ကြားမှုဦးစီးဌာန(DJBC) သည် တင်းကျပ်စွာထိန်းချုပ်ရန်နှင့် မှောင်ခိုလုပ်ငန်းများအား ပြင်းထန်စွာအပြစ်ပေးရန် တောင်ဆိုခံရကြောင်းသိရပါသည်။ Agus က ပြည်တွင်းစက်မှုလုပ်ငန်းကို ပြင်းထန်စွာထိခိုက်စေသည့်သွင်းကုန်များ ပြည်တွင်းစျေးကွက်သို့ လွတ်လပ်စွာဝင်ရောက်လာခြင်းမှကာကွယ်ရန် ပြောင်းလွဲပြင်လွယ်သော စည်းမျဥ်းများထုတ်ပြန်ရန်ပြောကြားခဲ့ပါသည်။ (DJBC) ၏အဆိုအရ ယခုနှစ်၏ ပထမ ၁၁လတာကာလတွင် အင်ဒိုနီးရှားသည် နိုင်ငံအတွက် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၆သန်းခန့်ဆုံးရှုံးမှုဖြစ်စေသည့် မှောင်ခိုမှုခင်း ၃၁၂၇၅ခုကို ရှာဖွေတွေရှိခဲ့ကြောင်းသိရပါသည်။ အထူးသဖြင့် မှောင်ခိုသွင်းကုန်များတွင် အဝတ်အထည်ထုတ်ကုန်များသည် ပမာဏအများဆုံးပါဝင်နေပြီး ပြည်တွင်းအဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းကို ဆိုးရွားစွာသက်ရောက်မှုရှိခဲ့ကြောင်းသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)