ကမ္ဘောဒီးယား၏ ပို့ကုန်များမြှင့်တင်ရန်အတွက် ဒေသတွင်း နှစ်နိုင်ငံ FTAs များသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေ

Powered by Drupal

        ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ဒေသတွင်းနှင့် နှစ်နိုင်ငံလွတ်လပ်စွာသဘောတူညီချက် (FTAs) များသည် ဈေးကွက်ကွဲပြားမှုကိုမြှင့်တင်ရန်နှင့် နိုင်ငံတော်၏ပို့ကုန်များမြှင့်တင်ရာတွင် အရေးကြီးသောခန်းကဏ္ဍမှပါဝင်ကြောင်း ၁၈-၁၁-၂၀၂၄ ရက်နေ့တွင်ပြောကြားခဲ့သည်။ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံတကာ ကုန်သွယ်မှု ကုန်စည်ပြုပွဲဖွင့်ပွဲအခမ်းအနားတွင် Cham Nimul က ကမ္ဘောဒီးယားနိုင်ငံသည်  အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)  FTA တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၎င်းတို့၏မိတ်ဖက်များနှင့် ဒေသတွင်းစီးပွားရေးဘက်စုံပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) တို့ပါဝင်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုရည်မှန်းချက်သည် ရပ်တန့်မနေဘဲ နှစ်နိုင်ငံဒေသတွင်း FTAs များမှတစ်ဆင့် ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရှာဖွေရန် ကြိုးစားနေကြောင်း Cham Nimul က ထပ်မံပြောကြားခဲ့သည်။ တရားဝင်အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁.၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ RCEP ကဲသို့သော အဓိက FTA များတွင် ကမ္ဘောဒီးယား၏ပါဝင်မှုသည် ဒေသတွင်းကုန်သွယ်မှုရပ်တည်ချက်ကို ပိုမိုခိုင်မာစေကြောင်း ကမ္ဘောဒီးယားအမျိုးသမီးစွန့်ဦးတီထွင်သူများအသင်းဥက္ကဋ္ဌ Eng Lykoung ကပြောကြားခဲ့သည်။ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်မှုနှင့် e-commerce တိုးတက်လာမှုတို့ကြောင့် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းများ ကမ္ဘာ့ဈေးကွက်တွင် ကြီးထွားလာရန်အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း Eng Lykoung က ထပ်မံပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)