JCA သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်ကုမ္ပဏီများကို ဆက်လက်စည်းရုံးသွားမည်ဟု ကတိပြု

Powered by Drupal

               ဂျပန်-ကမ္ဘောဒီးယားအသင်း (JCA) ၏ ဥက္ကဋ္ဌ Takahashi Fumiaki က ကမ္ဘောဒီးယားနိုင်ငံတွင် ဂျပန်ကုမ္ပဏီများပိုမိုရင်းနှီးမြှုပ်နှံရန် ဆက်လက်စည်းရုံးသွားမည်ဟုကတိပြုခဲ့သည်။ မြေယာစီမံခန့်ခွဲမှု၊ မြို့ပြနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံရာတွင် JCA ဥက္ကဋ္ဌက လက်ရှိတွင်ကမ္ဘောဒီးယားနိုင်ငံသည် ဂျပန်နိုင်ငံအပါအဝင်နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပိုမိုလျင်မြန်စွာဖွံဖြိုးတိုးတက်လာသည်ကိုပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှု၏ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယားရှိ ဂျပန်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ဆွေးနွေးရန်ဖြစ်သည်ဟု Takahashi Fumiaki ကဆိုခဲ့သည်။ အစည်းဝေးတွင် Say Samal က ဆိပ်ကမ်း တိုးချဲ့မည့် Sihanoukville ပြည်နယ်ကဲ့သို့သော ကဏ္ဍများစွာတွင်ဂျပန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအသစ်များကိုပြောကြားခဲ့ပြီး ထိုဆိပ်ကမ်းအားစင်္ကာပူပြီးလျှင် ဒုတိယအကြီးဆုံးဆိပ်ကမ်းအဖြစ်ပြောင်းလဲရန်ရည်မှန်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်က ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင်များဖန်တီးပေးသည့် အရေးပါသောနေရာဖြစ်သည့် ဖနွမ်းပင်အထူးစီးပွားရေးဇုန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစဉ်များမြှင့်တင်ရာတွင် ဂျပန်နိုင်ငံကပူးပေါင်းဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုနေရာအများအပြားကိုလည်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။  

Source: Khmer Times

DOCA(ရန်ကုန်)