ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်လာမှုသည် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရာတွင် အရေးကြီးသောအချက်ဖြစ်ကြောင်း အလုပ်သမားနှင့်အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန အတွင်းရေးမှူးနှင့်ပြောရေးဆိုခွင့်ရှိသူ Katta Orn ကပြောကြားခဲ့သည်။ ယခုနှစ်တွင် စက်ရုံသစ်အများအပြား မှတ်ပုံတင်ထားသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးပွားလာခြင်းသည် စက်မှုလုပ်ငန်းအမျိုးမျိုးတွင် အထူသဖြင့်အထည်ချုပ်လုပ်ငန်းများ၌ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရာတွင် ရေးပါသောအချက်ဖြစ်ကြောင်း Katta Orn မှပြောကြားခဲ့သည်။ အစိုးရ၏မူဝါဒသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်ဖြစ်ပြီး ဆယ်စုနှစ်များစွာရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန်နှင့် အလုပ်အကိုင်များဖန်တီးရာတွင် အရေးပါသောအချက်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ် ပထမ (၁၀) လ အတွင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃၀) ကို တည်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ် ၁၆,၀၀၀ ခန့်တိုးချဲ့ဖန်တီးနိုင်ခဲ့ကြောင်းအတည်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအလုပ်အကိုင်အေဂျင်စီ (NEA) သည် ကဏ္ဍများစွာတွင် အလုပ်အကိုင်အခွင့်အလမ်းများကို အမြဲကြေညာနေသောကြောင့် အလုပ်အကိုင်ရှာဖွေသူများသည် ကုမ္ပဏီများ၏ စုဆောင်ရေးဆိုင်ရာအချက်အလက်များကို ရှာဖွေရန်လွယ်ကူကြောင်းနှင့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများတွင်ပါဝင်သော အဓိကကဏ္ဍ (၃) ရပ်တွင်အလုပ်အကိုင် ၅၃,၃၁၁ ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)