တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူအဖြစ် Volkswagen အားကျော်တက်သွားမည့် BYD

Powered by Drupal

              BYD (Build Your Dream) သည် ဂျာမနီကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းသုံးယူနစ်များအား ပထမ (၁၀)လအတွင်း ရောင်းထုတ်ပြီးနောက်နှစ်ရှည်ကြာစွာ ဈေးကွက်ကိုခေါင်းဆောင်နေသော Volkswagen အားကျော်တက်ကာ ၂၀၂၄ ခုနှစ်တွင်တရုတ်နိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်သူဖြစ်လာမည်ဖြစ်သည်။ ရှန်ကျန်းအခြေစိုက်  BYD ကုမ္ပဏီသည် ယခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝှမ်းရှိသုံးစွဲသူများထံ သန့်စင်သောလျှပ်စစ်နှင့် ဟိုက်ဘရစ် ကား ၂.၉ သန်းကိုပေးအပ်ခဲ့ပြီး ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။ တရုတ်နိုင်ငံရှိ Volkswagen ရုံးများသည် ယခုနှစ် ပထမ (၁၀)လအတွင်းလျှပ်စစ်ကားအစီးရေ ၂.၂၃ သန်းနှင့် ဓာတ်ဆီစွမ်းအင်သုံးကားများကိုလည်းပေးပို့နိုင်ခဲ့သည်။ Volkswagen သည် SAIC Motor နှင့် FAW တို့နှင့် ပြည်တွင်းဖက်စပ်လုပ်ငန်းများကို ၁၉၈၄ ခုနှစ်မှစတင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကားလုပ်ငန်းတွင်ဈေးကွက်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ BYD သည်ကားအစီးရေနှင့် ဝင်ငွေအရ တတိယသုံးပတ်အတွင်း Tesla ကိုကျော်လွန်ရောင်းချနိုင်ခဲ့သည်။ စက်တင်ဘာလ ၃၀ ရက်နေ့အထိ လျှပ်စစ်ကားပေါင်း ၁.၁၃ သန်းပေးပို့ခဲ့ပြီး ယခင်နှစ်ကထက် ၃၈ ရာခိုင်နှုန်းခုန်တက်သွားခဲ့သည်။ Tesla သည်အလားတူကာလတွင် ကားအစီးရေ ၄၆၂,၈၉၀ မှတ်တမ်းတင်ခဲ့သည်။  Tesla ၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅.၂ ဘီလီယံနှင့်ယှဉ်လျှင် BYD ၏ ဝင်ငွေသည် ယွမ် ၂၀၁.၁ ဘီလီယံ သို့ ၂၄ ရာခိုင်နှုန်းခုန်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

Source: Bangkokpost

DOCA(ရန်ကုန်)