ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ၁၀ လတာ ကာလအတွင်း အထည်အလိပ်၊ ချုပ်ထည်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်း ဒေါ်လာ ၁၁.၄ ဘီလီယံဖိုး တင်ပို့

Powered by Drupal

              ကမ္ဘောဒီးယားနိုင်ငံသည် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိအထည်များကို နိုင်ငံတကာဈေးကွက်သို့တင်ပို့ခဲ့ရာ ၂၃.၆% တိုးလာခဲ့သည်။ ဒေါ်လာ ၁.၃၃ ဘီလီယံတန်ဖိုးရှိသော ဖိနပ်များအားတင်ပို့ခဲ့ပြီး ၂၂% မြင့်တက်ခဲ့ကာ ဒေါ်လာ ၁.၆၉ ဘီလီယံနှင့် ညီမျှသော ခရီးသွားကုန်ပစ္စည်းများအား နိုင်ငံတကာဈေးကွက်သို့ ရောင်းချမှုမှာလည်း ၂၀.၆% မြင့်တက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ASEAN+3 Macroeconomic Research Office (AMRO) ၏ ဘောဂဗေဒပညာရှင် Hoe Ee Khor က အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်စည် (GFT) ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများထဲမှ တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ GFT ကဏ္ဍတွင် တိုးတက်မှုနှုန်းသည် အဓိကအဆင့်မြင့်သောဈေးကွက်တွင် စားသုံးသူများ၏ ဝယ်လိုအားပိုမိုအားကောင်းလာခြင်းကြောင့် ၂၀၂၄ တွင် ဆက်တိုက်ပြန်ကောင်းလာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက မကြာသေးမီက Xinhua သို့ E-mail ဖြင့် ရေးသားခဲ့သည်။ GFT လုပ်ငန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံခြားငွေအများဆုံးရရှိသော လုပ်ငန်းဖြစ်သည်။ အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအစီရင်ခံစာအရ လက်ရှိတွင် စက်ရုံများနှင့် စက်ရုံခွဲများ စုစုပေါင်း ၁၅၃၈ ခန့်ရှိပြီး အလုပ်သမားပေါင်း ၉၁၃၀၀၀ ဖြင့်လည်ပတ်နေပြီး အလုပ်သမားအများစုမှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)