ဘရူနိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Khazanah သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများအား ရှာဖွေလျက်ရှိသည်။ ကုမ္ပဏီ၏ CEO ဖြစ်သူ Dato Khairul Hamed မှာလည်း ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက်ရှိသည်။ ဘရူးနိုင်းတော်ဝင်တပ်ဖွဲ့၏ တပ်မှူးဟောင်း Dato Khairul Hamed သည် နိုဝင်ဘာ ၁၉ ရက်နေ့ကရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား ဂါရဝပြုခဲ့သည်။ ဖနွမ်းပင်မြို့ ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကျင်းပသည့်တွေ့ဆုံပွဲတွင် Dato Khairul က ဝန်ကြီးချုပ် Hun Manet အား ယခုအကြိမ်လာရောက်လည်ပတ်ပြီး ကျန်းမာရေးအရင်းအမြစ်၊ လမ်းပန်းဆက်သွယ်ရေး အထူးသဖြင့်ရထားလမ်း၊ လေဆိပ်အပါအဝင် ဘဏ်လုပ်ငန်းစသည့် ကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ ရှာဖွေရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်မှ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် ကုမ္ပဏီ၏ စိတ်ဝင်စားမှုကို ကြိုဆိုခဲ့သည်။ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသူများအောင်မြင်စေရန်နှင့် ကမ္ဘောဒီးယား၏ ဈေးကွက်ကို ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်နိုင်ရန် တော်ဝင်အစိုးရ၏ မူဝါဒများ၊ ယန္တရားများနှင့် လိုအပ်သည့်အစီအမံများကို မီးမောင်းထိုးပြသခဲ့သည်။ ဝန်ကြီးဌာနများ၊ ကမ္ဘောဒီးယားအစိုးရအဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးရန် ကုမ္ပဏီ၏ CEO အား တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။
Source : khmertimes
DOCA(ရန်ကုန်)