ဂျပန်ရင်းနှီးမြှုပ်နှံသူ ၂၆ ဦးသည် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာပြုပြင်ခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန်စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် အဆိုပါအဖွဲ့အား ငြိမ်းချမ်းရေးနန်းတော်တွင် ၁၉-၁၁-၂၀၂၄ ရက်နေ့ကလက်ခံတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးလည်းဖြစ်၊ ဂျပန်-ကမ္ဘောဒီးယားအသင်း (JCA) ၏ လက်ရှိဥက္ကဋ္ဌ Takahashi Fumiaki သည်ဝန်ကြီးချုပ် Hun Manet က JCA ၏ အလားအလာရှိသော အသေးစားနှင့် အလတ်စားရင်းနှီးမြှုပ်နှံမှုများ (SMEs) အတွက် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စက်မှုကဏ္ဍနှင့် လူ့စွမ်းအားအရင်းမြစ်ဖွံဖြိုးတိုးတက်ရေးတို့တွင် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ပူးပေါင်းဆောင်ရွက်မှုဆက်လက်အားကောင်းရန်နှင့် ဆက်လက်တိုးချဲ့ရန် Fumiaki မှ ကတိပြုခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကမ္ဘောဒီးယားစီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရာတွင် ဂျပန်ပုဂ္ဂလိကကဏ္ဍ၏ ကြီးမားသောပံ့ပိုးမှုကို အလေးပေးပြောကြားခဲ့ပြီး JCA အား ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့ရုံးဖွင့်လှစ်ခြင်းနှင့် မော်တော်ယာဉ်ပြုပြင်ခြင်း၊ ပလတ်စတစ်ဆာဂျရီနှင့် အိုင်တီအင်ဂျင်နီယာကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း(၃) ကျောင်းတည်ထောင်ခြင်းတို့အား ဂုဏ်ပြု ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)