ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၇၁၅ သန်းအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) ၏အချက်အလက်များအရသိရသည်။ ကမ္ဘောဒီးယားမှ မလေးရှားနိုင်ငံသို့တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၃၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ ၃၅.၃ ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနှင့် မလေးရှားတို့အကြား ကုန်သွယ်မှုသိသိသာသာတိုးတက်လာမှုသည် နှစ်နိုင်ငံကုန်သည်များအကြား အောင်မြင်သောပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ အပြန်အလှန်ဖလှယ်မှုကို အားကောင်းလာစေသည်ဟု မလေးရှားစီးပွားရေး ကုန်သည်ကြီးများအသင်း (MBCC) ၏ ဥက္ကဋ္ဌ Tan Khee Meng ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသို့ မလေးရှာတင်ပို့မှုတွင် ကမ္ဘောဒီးယား၏အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်လိုအပ်ချက်အတွက် အရေးပါသောအစိတ်အပိုင်းများဖြစ်သည့် ရေနံထွက်ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည်။ အပြန်အလှန်အားဖြင့် မလေးရှားသို့ ကမ္ဘောဒီးယား၏တင်ပို့မှုတွင် မလေးရှား၏ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် အထည်ချုပ်ထုတ်ကုန်တို့ဖြစ်သည်။ အဆိုပါဖလှယ်မှုများသည် နှစ်နိုင်ငံအကြားစီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရုံသာမက ယဉ်ကျေးမှုနှင့် ချိတ်ဆက်မှုများကိုပါ အားကောင်းစေသည်ဟု Tan Khee Meng ကဆက်လက်ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)