နယူးဇီလန်ဝန်ကြီးချုပ်နှင့်အင်ဒိုနီးရှားသမ္မတတို့စီးပွားရေးချိတ်ဆက်မှုအားကောင်းရန်ဆွေးနွေ:

Powered by Drupal

             အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နှင့် ကုန်သွယ်ရေးနှင့်ဆန်းသစ်တီထွင်မှုတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲကို ပီရူးနိုင်ငံလီမာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် သီးခြားဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။ Prabowo က နှစ်နိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေးအားကောင်းစေရေးအတွက် ပဓာနအနေဖြင့်ရှိနေကြောင်းနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ကတိပြုခဲ့ကြကြောင်းပြောကြားခဲ့ပါသည်။ နယူးဇီလန်ဝန်ကြီးချုပ်ဖြစ်သူ Luxon ကလည်း ပညာ‌ရေးနှင့် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်တို့ပါဝင်သော များစွာသောကဏ္ဍများတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးသည် သမ္မတ Prabowo ၏ဦးဆောင်မှုအောက်တွင် တိုးတက်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ Prabowo သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau နှင့်လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာအလွန်ကောင်းမွန်သောခင်မင်ရင်းနှီးမှုရှိပြီး ထိုဆက်ဆံရေးကိုတိုးမြှင့်ရန် ဆန္ဒရှိကြောင်းပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် Trudeau က များစွာသောကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်းအင်ဒိုနီးရှားတွင် Prabowo ၏ဦးဆောင်မှုကိုချီးမွမ်းခဲ့ပြီး အင်ဒိုနီးရှားသည် ထိုစိန်ခေါ်မှုများရှိနေသည့်ကြားက အပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းပေါ်တွင်ရှိနေသည်ကိုမြင်ရသည့်အတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါသည်။

Antara News

DOCA(ရန်ကုန်)