ဟာလာလုပ်ငန်းတွင်ပူးပေါင်းဆောင်ရွက်ရန်ဗီယက်နမ်နှင့်မလေးရှားတို့စိတ်ဝင်စားနေ

Powered by Drupal

               ဟာလာလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဗီယက်နမ်ထုတ်ကုန်များ ကမ္ဘာ့လူဦးရေ၏ ၂၄ ရာခိုင်နှုန်းကျော်ရှိသော ကမ္ဘာတစ်ဝှမ်းရှိမူစလင်စားသုံးသူ၂ ဘီလီယံနီးပါးထံသို့‌ ရောက်ရှိရန်ကူညီနိုင်မည်ဟု မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဖြစ်သူ Zafrul Abdul Aziz ၏အဆိုအရသိရပါသည်။ Zafrul က ၎င်း၏ဗီယက်နမ်ခရီးစဥ်အတွင်း နှစ်နိုင်ငံသည် ဟာလာတွင်ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရေးအားထုတ်ရန်နှင့် နားလည်မှုကိုတိုးမြှင့်ရန်သဘောတူခဲ့ကြောင်း၊ မလေးရှားသည်ဟာလာစံညွှန်းနှင့် ကိုက်ညီသည့် ထုတ်ကုန်များပါဝင်သည့် ဟာလာတန်ဖိုးကွင်းဆက်တွင် ဗီယက်နမ်၏တည်ရှိမှုအားကောင်းစေရေးအတွက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး  ကျွမ်းကျင်မှုဝေမျှသွားမည်ဟု ပြောကြားခဲ့ပါသည်။ ယခင်ကလည်း နှစ်နိုင်ငံတို့သည် ဟာလာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အစ္စလာမ်ငွေကြေး၊ ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း၏ အရေးပါမှုကိုအသားပေးပြောကြားခဲ့ဖူးကြောင်းသိရပါသည်။ နှစ်နိုင်ငံလုံးသည် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်ရေးကို ၎င်းတို့၏သက်ဆိုင်ရာ အားသာချက်များအားဖြင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ထိမြှင့်တင်ရန်ရည်ရွယ်ထားကြောင်းသိရပါသည်။ ဗီယက်နမ်သည် ၎င်းတို့၏ကွဲပြားပြီးကျယ်ပြန့်သော စိုက်ပျိုးရေးကဏ္ဍကြောင့် အရည်အသွေးမြင့်သော ထုတ်ကုန်များအဓိကတင်ပို့သူဖြစ်ပီး မလေးရှားနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေမှုကြောင့် သယ်ယူပို့ဆောင်ရေးတွင်အဆင်ပြေမှုသာမက ကုန်ကျစရိတ် နည်းပါးသည့်အကျိုးကိုခံစားနေရကြောင်း သိရပါသည်။ မလေးရှားနိုင်ငံ နိုင်ငံတကာကုန်သွယ်‌ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အာဆီယံစီးပွားရေးပေါင်းစပ်မှု၏ အကြီးတန်းညွှန်ကြားရေးမှူးဖြစ်သူ Jamilah Haji Hassan က နှစ်နိုင်ငံကြား ဟာလာအစားအစာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် မလေးရှားသို့ ၂၀၁၆ ခုနှစ်မှစ၍ ဟာလာအစားအစာ ထုတ်ကုန်များကိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး၂၀၁၆ မှ ၂၀၂၀ အတွင်း အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကြောင်းသိရပါသည်။ မလေးရှားသည် ဗီယက်နမ်အား ကမ္ဘာ့ထိပ်တန်းဟာလာအစားအစာတင်ပို့သူများထဲမှ တစ်ခုဖြစ်လာရန်၊ ဟာလာစံနှုန်းသတ်မှတ်ချက်တွင် ကျွမ်းကျင်မှုရှိလာရန်နှင့် မလေးရှားစျေးကွက်သို့ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးတွင် ကူညီသွားရန်ရည်ရွယ်ထားကြောင်းသိရပါသည်။ ဗီယက်နမ်၏ဟာလာကဏ္ဍသည် မလေးရှား၏ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ ဝန်ဆောင်မှုပံ့ပိုးမှုမှ အကျိုးကျေးဇူးရရှိနေကြောင်းသိရပါသည်။ မလေးရှားသည် လတ်တလောတွင် ဗီယက်နမ်၏ အာဆီယံတွင်ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ကမ္ဘာတွင် ၁၁ ခုမြောက် အကြီးမားဆုံးဖြစ်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် မလေးရှား၏အာဆီယံတွင် တတိယအကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်းသိရှိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)