
ဗီယက်နမ်နိုင်ငံ၏ AVANEST Vietnam Nutrition JSC သည် ၎င်းတို့၏ ငှက်သိုက်ပထမအသုတ်ကို Mong Cai မြို့တော်ရှိ Bac Luan 2 နယ်စပ်တံတားဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ၂၀ရက်နေ့က တင်ပို့ခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့မှုတွင် အသင့်သောက်သုံးနိုင်သော ငှက်သိုက်ထုတ်ကုန်များနှင့် သန့်စင်ထားသောငှက်သိုက်များပါဝင်ကြောင်း သိရပါသည်။ ၎င်းတို့သည် ငှက်သိုက်ထုတ်ကုန်နှစ်မျိုးကိုတင်ပို့ရန် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ခွင့်ပြုခွင့်ကုဒ်ကိုရရှိသည့် ပထမဆုံးဗီယက်နမ်လုပ်ငန်းဖြစ်ကြောင်းသိရပါသည်။ AVANEST Vietnam ၏မိတ်ဖက်မှာ တရုတ်နိုင်ငံရှိ Dongxing Zhenpin Preferred Trading Co,Ltd ဖြစ်ပြီး ထိုသို့နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်ငှက်သိုက်အား ထိုအလားအလာရှိသောတရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့မှုချဲ့ထွင်ရန် လမ်းကြောင်းဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်လုပ်ငန်းများသည် Mong Cai နိုင်ငံတကာနယ်စပ်ဂိတ်၏ အကောက်ခွန်ရုံး၌ အကောက်ခွန်ကြေညာချက်တွင်ဖြည့်ပြီးပါက တင်ပို့မှုလုပ်ငန်းစဥ်များ လွယ်ကူအဆင်ပြေကြကြောင်းသိရပါသည်။ လွန်ခဲ့သည့်တစ်နှစ်တွင် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့ကြား သဘောတူစာချုပ်မချုပ်မီ ညှိနှိုင်းချက်လက်မှတ်ရေးထိုးမှုအရ ဗီယက်နမ်၏ ငှက်သိုက်ပထမအသုတ်ကို Huu Nghi နိုင်ငံတကာနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံ၏ တရားဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ငှက်သိုက်တင်ပို့မှုတိုးချဲ့လာခြင်းသည် ဗီယက်နမ်ဇီဝဇိုးငှက်မွေးမြူရေး၊ ငှက်သိုက်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အခွင့်အလမ်းများကို သိသာစွာအရှိန်မြှင့်တင်ပေးခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့အကြီးမားဆုံးငှက်သိုက်စားသုံးသူဖြစ်သည့် တရုတ်နိုင်ငံ၏ နှစ်စဥ်ဝယ်လိုအားသည် ကမ္ဘာဈေးကွက်၏ ၈၀ရာခိုင်နှုန်းပမာဏရှိသည့် တန် ၃၀၀ ရှိကြောင်းသိရပါသည်။
VietnamPlus
DOCA(ရန်ကုန်)