ဖိလစ်ပိုင်စိုက်ပျိုးမွေးမြူရေးဌာနမှ ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ အား နိုင်ငံအတွင်းသို့ တင်သွင်းသွားမည်

Powered by Drupal

                တိုင်ဖွန်းမုန်တိုင်း ဆက်တိုက်တိုက်ခတ်မှုကြောင့် ငါးဖမ်းလုပ်ငန်းကဏ္ဍတွင် ပီဆို ၁ ဘီလီယံနီးပါး ထိခိုက်ပျက်စီးမှုနှင့်အတူ ငါးဖမ်းရာသီပိတ်သိမ်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရမှ ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ အား ထပ်မံတင်သွင်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက (၁၉.၁၁.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့က ပြောကြားခဲ့သည်။ စိုက်ပျိုးရေးလက်ထောက်အတွင်းတန်ဖြစ်သော An Arnel de Mesa က ၁၈.၁၁.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့တွင် စိုက်ပျိုးမွေးမြူရေးဌာနအရာရှိများ အစည်းအဝေးတွင် နောက်ထပ်ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ ကို တင်သွင်းရန်ဆွေးနွေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr သည် နိုဝင်ဘာ ၁ ရက် ငါးဖမ်းရာသီပိတ်သိမ်းချိန်အတွင်း ငါးတင်သွင်းမှု မတ်ထရစ်တန်ချိန် ၃၀၀၀၀ ကို ခွင့်ပြုခဲ့ပြီးနောက် ယခုနှစ်အတွက် ငါးတင်သွင်းမှုစုစုပေါင်းမှာ မတ်ထရစ်တန်ချိန် ၃၈၀၀၀ သို့ ရောက်ရှိမည်ဖြစ်ကြောင်း De Mesa က ပြောကြားခဲ့သည်။ ဈေးကွက်များတွင် လက်လီဈေးနှုန်းများမြင့်တက်နေသော်လည်း ငါးပြတ်လပ်မှုမရှိနိုင်သေးကြောင်း ပြည်ပမှတင်သွင်းသည့်ငါးပမာဏသည် ဒီဇင်ဘာလ ပထမနှစ်ပတ်အတွင်း နောက်ထပ် မတ်ထရစ်တန်ချိန် ၈၀၀၀ ရောက်ရှိလာဦးမည်ဖြစ်ကြောင်း De Mesa မှ ဆက်လက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source : Philstar

DOCA(ရန်ကုန်)