ကမ္ဘောဒီးယားနိုင်ငံကို ပို့ကုန်အချက်အချာအဖြစ်အသုံးပြုရန် တရုတ်ကုမ္ပဏီအားတိုက်တွန်း

Powered by Drupal

             စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး Vanndy Hem က ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏စက်ရုံသို့ အာဆီယံနှင့် အခြားနိုင်ငံများသို့တင်ပို့ရောင်းချရန် အချက်အချာအဖြစ် တရုတ်ကုမ္ပဏီတစ်ခုအားတိုက်တွန်းထားသည်။ Kandal ပြည်နယ်၊ Ang Snuol ခရိုင်ရှိနိုင်ငံစုံ China Lesso Group ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Lesso (Cambodia) Trading Co.,Ltd သို့ ၎င်း၏ခရီးစဉ်အတွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ Vanndy သည် ပိုမိုကောင်းမွန်သောရေအရင်းမြစ်နှင့် အဆောက်အအုံများလိုအပ်ကြောင်း၊ ပြည်နယ်များတစ်လျောက် စံနှုန်းများကွာခြားချက်များကိုပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတွင် ပုဂ္ဂလိကရေလုပ်ငန်းလုပ်ကိုင်သူ ၄၀၀ ကျော်ရှိပြီး ပိုမိုမြင့်မားသောစံချိန်စံညွှန်းများကိုကျင့်သုံးရန် တိုက်တွန်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှဖြတ်ကျော်နိုင်ရန် ပြင်ဆင်နေချိန်တွင် စိန်ခေါ်မှုများ၊ အထူးသဖြင့် ကုန်သွယ်မှုဦးစားပေးမှုများဆုံးရှုံးနိုင်ချေများ၊ မိမိတို့တွင် ပြင်ဆင်ရန် (၅)နှစ်ကျန်ရှိသေးကြောင်းနှင့် ၂၀၂၉ ခုနှစ်နောက်ပိုင်းတွင် ပို့ကုန်ပံ့ပိုးမှုသည် ပိုမိုအရေးကြီးလာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Lesso (Cambodia) Trading Co.,Ltd ၏အထွေထွေမန်နေဂျာ Wu Zhiyang က ကုမ္ပဏီ၏အရည်အသွေးနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မိမိတို့ကုမ္ပဏီအနေဖြင့် ဝင်ငွေအတွက်သာမက အရည်အသွေးကောင်းမွန်သော ပိုက်ထုတ်ကုန်များကိုပါ ပံ့ပိုးပေးနေသည်” ဟုပြောကြားခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန် အတွက် ကမ္ဘောဒီးယားစံချိန်စံညွှန်း တက္ကသိုလ်နှင့် လက်တွဲလုပ်ဆောင်ရန်ဆန္ဒရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ ထိုခရီးစဉ်သည် ကမ္ဘောဒီးယားအစိုးရ၏ ကျယ်ပြန့်သောမဟာဗျူဟာကို စက်မှုကဏ္ဍများခေတ်မီစေရန်၊ ပို့ကုန်အလားအလာကို အားကောင်း‌စေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေရန်အတွက်ဦးတည်ခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)