ဘိလပ်မြေတင်သွင်းမှုမြင့်တက်လာခြင်းကြောင့်လုံခြုံရေးစီမံချက်များချရန်ဖိလစ်ပိုင် ဘိလပ်မြေ ထုတ်လုပ်သူများတွန်းအားပေးဆောင်ရွက်မည်

Powered by Drupal

              ဘိလပ်မြေတင်သွင်းမှုဆက်လက်မြင့်တက်လာသောကြောင့် ဖိလစ်ပိုင်နိုင်ငံဘိလပ်မြေထုတ်လုပ်သူများက လုံခြုံ‌ရေးစီမံချက်များချမှတ်ရန် တွန်းအားပေးဆောင်ရွက်နေကြောင်း သိရပါသည်။ ဖိလစ်ပိုင်ဘိလပ်မြေထုတ်လုပ်သူများအသင်း(CeMAP)၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Renato Baja ကအသင်းနှင့် Eagle cement Corp. တို့သည် ကုန်သွယ်‌ရေးနှင့် စက်မှုဦးစီးဌာန(DTI)၏ များစွာသောနိုင်ငံများမှ ဘိလပ်မြေတင်သွင်းမှုများအပေါ် စုံစမ်းစစ်ဆေးမည့် လုံခြုံရေးစီမံချက်အတွက် ကနဦးလှုပ်ရှားမှုအပေါ်ထောက်ခံကြောင်း၊ ပြည်တွင်းဘိလပ်မြေ စက်မှုလုပ်ငန်းအား အလွန်အကျွံတင်သွင်းမှုများ၏ ထိခိုက်မှုမှကာကွယ်ရန်နှင့် မျှတသောယှဉ်ပြိုင်မှုရရှိစေရန် အစိုးရ၏အာမခံမှုသည် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်အကောက်ခွန်ဗျူရို၏အချက်အလက်များအရ  ယခုနှစ်ပထမ ဆယ်လအတွင်း ဘိလပ်မြေတင်သွင်းမှုသည်တန် ၆.၂ သန်းရှိပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလ ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် ဘိလပ်မြေတင်သွင်းမှုမှာစံချိန်တင် တန်ချိန် ၈၇၀၀၀၀ ရှိခဲ့ကြောင်းသိရပါသည်။ ထိုတင်သွင်းမှု များ၏ ၉၄ ရာခိုင်နှုန်းမှာဗီယက်နမ်နိုင်ငံထံမှဖြစ်ကြောင်းသိရပါသည်။ ၅ ရာခိုင်နှုန်းမှာဂျပန်မှ ဖြစ်ပြီး ၁ ရာခိုင်နှုန်းမှာ အင်ဒိုနီးရှားမှဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်ဘိလပ်မြေလုပ်ငန်း သည် နှစ်စဉ်တန်ချိန်သန်း၅၀ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ခန့်မှန်းတန်ချိန် ၃၄ သန်းကို ဖြည့်စည်းပေးနိုင်သော်လည်း တင်သွင်းလာသည့်ဘိလပ်မြေများလွှမ်းခြုံလာခြင်းက ပြည်တွင်းထုတ်လုပ်သူများကို ထိခိုက်စေကြောင်းသိရပါသည်။ ယခုလအစောပိုင်းတွင်လည်း DTI က ၎င်းတို့သည် တင်သွင်းလာသည့်ဘိလပ်မြေများအပေါ် လုံခြုံရေးစီမံချက်ချမှတ် သင့်မသင့်ကို ဆုံးဖြတ်ရန်ပမာဏစုံစမ်းမှုပြုလုပ်နေကြောင်း ကြေညာခဲ့သည်ဟုသိရပါသည်။ ရီပတ်ဘလစ်အက် ၈၈၀၀ သို့မဟုတ် လုံခြုံရေးစီမံချက်အက်ဥပဒေအရ တင်သွင်းလာသည့် ထုတ်ကုန်များမြင့်တက် လာမှုသည် ပြည်တွင်းလုပ်ငန်းများကိုပြင်းထန်စွာထိရောက်မှုရှိလာပါက အစိုးရသည် ပြည်တွင်း လုပ်ငန်းများကိုသက်သာရာရစေရန် ထိုသွင်းကုန်များအပေါ် အကောက်ခွန်မြှင့်တင်ခြင်းကဲ့သို့သော လုံခြုံရေးစီမံချက်ချမှတ်နိုင်ကြောင်းသိရပါသည်။ DTI သည် ၂၀၁၉ မှ ၂၀၂၃ အတွင်း ဘိလပ်မြေတင်သွင်းမှုမြင့်တက်လာခြင်းအား ပမာဏလုံခြုံရေး စီမံချက်စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။ Baja က CeMAP သည် မျှတစွာ ယှဉ်ပြိုင်မှုမြှင့်တင်ရန် အစိုးရနှင့် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် ဘိလပ်မြေ လုပ်ငန်းနယ်ပယ်သည် ၎င်းတို့၏ ရှယ်ယာရှင်များနှင့်အတူ အစိုးရ၏အားထုတ်မှုဖြစ်သည့် မျှတသောကုန်သွယ်မှုထိန်းသိမ်းရေး၊ တည်ငြိမ်စွာဖြင့်ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် နိုင်ငံတော်စီးပွားရေးအားကောင်းရေး တို့တွင် ပံ့ပိုး‌ပေးရန် ၎င်းတို့၏အာမခံချက်ကို ဆက်လက်တည်ကြည်ခိုင်မာစွာထိန်းသိမ်းရမည်ဟု ပြောကြားခဲ့ပါသည်။

The Philippine Star

DOCA(ရန်ကုန်)