၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏အင်တာနက်စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ ရောက်ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်းမြင့်တက်လာနိုင်သောကြောင့် နိုင်ငံ၏ e- commerce နှင့် ဒစ်ဂျစ်တယ်စီးပွားရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနေရာ၌ ဆက်လက်ရှိနေကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ တွင် စက်မှုနှင့်ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဖိုရမ်တွင် ပြောကြားခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တွင် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေး ဒုတိယဝန်ကြီးဖြစ်သူ Truong Thanh Hoai က နိုင်ငံတကာအဖွဲ့အစည်းအများစုသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားနှုန်းကို ၃.၂ ရာခိုင်နှုန်းခန့်မှန်းထားကြောင်းပြောကြားခဲ့ပါသည်။ e-Conomy Southeast Asia ၏နိုဝင်ဘာ ၅ ရက်နေ့က ၉ ကြိမ်မြောက်ထုတ်ဝေချက်အရလက်လီ e-commerce သည် ဗီယက်နမ်ဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိကထောက်တိုင်အဖြစ်ဆက်လက်တည်ရှိနေပြီး နိုင်ငံ၏ GDP တွင်အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့်ပါဝင် နေကာ ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းသိရပါသည်။ ဗီယက်နမ်၏ မြင့်မားသောကြီးထွားနှုန်းသည် ၎င်းတို့၏ကုန်ထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့မှု၏ မောင်းနှင်အားကြောင့် ဆက်လက် တည်ငြိမ်နေကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ထိုကဲ့သို့ကြီးထွားမှုနှင့် အတူဗီယက်နမ်၏ e-commerce နှင့်ဒစ်ဂျစ်တယ်စီးပွားရေး သည် အားကောင်းစွာဖွံ့ဖြိုး တိုးတက်လာမှုကိုပြသနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု၏ အဓိကမောင်းနှင်အားထဲမှတစ်ခု ဖြစ်လာကြောင်းသိရပါသည်။ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာနသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မဟာဗျူဟာနှင့်အတူ စက်မှုနှင့် ကုန်သွယ်ရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမြှင့်တင်ရန် များစွာသောမဟာဗျူဟာများ ထုတ်ပြန်လျှက်ရှိကြောင်းသိရပါသည်။ ဝန်ကြီးဌာန သည် အစိုးရအေဂျင်စီများ၊ ပြည်တွင်းစက်မှု နှင့်ကုန်သွယ်ရေးဦးစီးဌာန၊ အသင်းများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၊ စက်မှုနှင့်ကုန်သွယ်ရေးကဏ္ဍကြား e-commerce နှင့်ဒစ်ဂျစ်တယ်စီးပွားရေး ထိထိရောက်ရောက်မြှင့်တင်ရန် မူဝါဒများနှင့်ဖြေရှင်းချက်များ ကမ်းလှမ်းရာတွင် ချိတ်ဆက်ပေးသူအဖြစ် ၎င်းတို့၏ကဏ္ဍကို အားကောင်းစေရန်ရည်ရွယ်ကြောင်းသိရပါသည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အသိုက်အဝန်းဦးစီဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Tran Minh Tuan က ကမ္ဘာ့လူဦးရေ၏ ၁.၂၃ ရာခိုင်နှုန်းရှိသည့် လူဦးရေသန်း၁၀၀နှင့်အတူ ဗီယက်နမ်နိုင်ငံ၏e-commerce ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ဆက်လက်ကြီးမားလျှက်ရှိကြောင်း သိရပါသည်။
VietnamPlus
DOCA(ရန်ကုန်)