အစိုးရသည် နည်းပညာဦးဆောင်၍ စီးပွားရေးအသွင်ကူးပြောင်းမှုကို တွန်းအားပေးဆောင်ရွက်

Powered by Drupal

             ကမ္ဘောဒီးယားအစိုးရသည် စီးပွားရေးကဏ္ဍကို ပြောင်းလဲသွားစေမည့်ရည်မှန်းချက်ဖြင့် လုပ်သားအင်အားသုံးထုတ်လုပ်မှုဗဟိုချက်မှ နည်းပညာမြင့်ရင်းနှီးမြှုပ်နှံမှု အချက်အချာသို့ကူးပြောင်းရန် အစီအစဉ်တစ်ရပ်ကိုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က၂၁-၁၁-၂၀၂၄ ရက်နေ့တွင်ပြောကြားခဲ့သည်။ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကားထုတ်လုပ်ရေးကဲ့သို့သောကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကိုဆွဲဆောင်ရန်ရည်ရွယ်ထားကြောင်း ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ နိုင်ငံတကာဈေးကွက်တွင် အပြိုင်အဆိုင်ဖြစ်လာစေရန် အစိုးရကလုပ်သားအင်းအားသုံး ထုတ်ကုန်များမှကျွမ်းကျင်လုပ်သား ကုန်ထုတ်မှုဆီသို့ရွှေ့ပြောင်းရန် ရည်မှန်းထားကြောင်းနှင့် အစိုးရအနေဖြင့် ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် မူဝါဒများစွာကိုချမှတ်ထားပြီးဖြစ်သည်ဟု Hun Manet ကပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပံ့ပိုးကူညီရန်အတွက် အစိုးရသည် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီးဌာနမှတဆင့် ဆင်းရဲနွမ်းပါးသော လူငယ် ၁.၅ သန်းခန့်အား အသက်မွေးဝမ်းကြောင်းနှင့် နည်းပညာဆိုင်ရာသင်တန်းများပို့ချမည့် အစီအစဉ်များကိုစတင်ခဲ့သည်။ လက်ရှိတွင်ကမ္ဘောဒီးယား၌ ကျွမ်းကျင်လုပ်သားရင်းနှီးမြှုပ်နှံမှုအများအပြားကို လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနှင့်မော်တော်ယာဉ်အပိုပစ္စည်းများတပ်ဆင်သည့် စက်ရုံများအထိတွေ့ရပြီး Toyota, Ford, Nissan နှင့် Hyundai  တို့၏မော်တော်ကားတပ်ဆင်သည့်စက်ရုံများသည် ယခုအခါကမ္ဘောဒီးယားတွင် လည်ပတ်နေပြီးဖြစ်သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ဒုတိယဥက္ကဋ္ဌ Lim Heng က အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ကမ္ဘောဒီးယားသည် ငယ်ရွယ်ကျွမ်းကျင်သောအလုပ်သမားများအင်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီကြီးများကိုဆွဲဆောင်နိုင်ပြီး ခေတ်မှီထုတ်ကုန်များအတွက် ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာနိုင်သည်ဟု Lim Heng ကထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးလာခြင်းသည် နိုင်ငံခြား၏ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ၎င်းတို့၏စီးပွားရေး တိုးတက်မှုအတွက်အလားအလာအပေါ်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ယုံကြည်မှုကိုထင်ဟပ်စေသည်ဟု CDC ၏  ဒုတိယဥက္ကဋ္ဌ Sun Chanthol က ထပ်မံ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)