ဆန်စပါးထုတ်လုပ်မှုမြှင့်တင်ရန် လယ်သမားများသို့ ဘတ် ၃၈ ဘီလီယံ ထိုင်းအစိုးရထောက်ပံ့မည်

Powered by Drupal

     ထိုင်းနိုင်ငံသည် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတစ်ရပ်အဖြစ် လယ်သမားများအား ထိုင်းဘတ်ငွေ ၃၈ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Narumon Pinyosinwat က ၂၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

     လယ်သမားများအနေဖြင့် စပါးစိုက်ဧရိယာ တစ်ရိုင် (၀.၃၉၅၃၆၉ ဧက) လျှင် ဘတ်ငွေ ၁၀၀၀ နှုန်းဖြင့် အများဆုံး ၁၀ ရိုင်အထိအတွက် ‌ထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၄.၆၈ သန်းသည် အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးသွားမည့် အစီအစဥ်အား နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အစိုးရအဖွဲ့အစည်းအဝေး၌ အဆိုပြု တင်ပြသွားမည်ဖြစ် ကြောင်း Narumon က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၁၀ လအတွင်း ဆန်မက်ထရစ်တန်ချိန် ၈ ဒသမ ၃၇ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် တစ်နှစ်တာအတွင်း ဘတ်ငွေ ဘီလီယံ ၂၂၀ တန်ဖိုးရှိသော ဆန်တန်ချိန် ၉ သန်းကျော် တင်ပို့နိုင်မည်ဟု  အဆိုပါဝန်ကြီးဌာနက မျှော်လင့်ထားသည်။

Source: Bangkok Post, 25 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)