ထိုင်းနိုင်ငံ၏ အောက်တိုဘာလပို့ကုန်တင်ပို့မှုသည် ခန့်မှန်းချက်ထက် ၁၄.၆% အထိမြင့်တက်လာ

Powered by Drupal

            ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းရှင်းသော ပို့ကုန်များသည် ယခုနှစ်အစောပိုင်းကထက် အောက်တိုဘာလတွင် ၁၄.၆% မြင့်တက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၆.၁၁.၂၀၂၄ ရက်နေ့၊ အင်္ဂါနေ့တွင်ပြောကြားခဲ့ပြီး လေ့လာသုံးသပ်သူများ၏ မျှော်လင့်ချက်ကိုကျော်လွန်ခဲ့ကြောင်း သိရသည်။ Reuters စစ်တမ်းတစ်ခုအရ စက်တင်ဘာလတွင် ၁.၁% တက်လာပြီးနောက် အောက်တိုဘာလတွင် ၅.၂% တိုးလာကြောင်းသိရသည်။ ပို့ကုန်စုစုပေါင်းမှာ ကန်ဒေါ်လာ ၂၇.၂၂ ဘီလီယံရှိပြီး သွင်းကုန်ပမာဏမှာ ၂၈.၀၂ ဘီလီယံရှိကာ ယခင်နှစ်ကထက် ၁၅.၉% တိုးမြင့်လာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးအဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်သည် အထူးသဖြင့်ကွန်ပျူတာများ၊ စက်ကိရိယာများနှင့် အစိတ်အပိုင်းများဖြစ်သော နည်းပညာနှင့် ပတ်သက်သည့် ထုတ်ကုန်များတင်ပို့မှု အားကောင်းလာခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးဌာနမှ ပစ်မှတ်ထားသည်ကို ကျော်နိုင်ရန် ၄% တိုးလာမည်ဟု ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံးအကြီးအကဲ Poonpang Naiyanapakorn က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပို့ကုန်များသည် ၂၀၂၃ ခုနှစ်ကထက် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ၄.၉% တိုးလာခဲ့ကြောင်းသိရသည်။

Source : bangkokpost

DOCA(ရန်ကုန်)