၂၀၂၅ ခုနှစ်တွင်ဆန်တင်သွင်းမှုအဆုံးသတ်နိုင်ရန်အင်ဒိုနီးရှားမျှော်လင့်

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဖြစ်သူ Andi Amran Sulaiman ကနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်ထုတ်လုပ်မှုရည်မှန်းချက်ဖြစ်သည် တန်ချိန် ၃၂ သန်းပြည့်မီသည့်အခါ ဆန်တင်သွင်းမှုမှ ကင်းလွတ်ခွင့်ရနိုင်သည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ အစိုးရသည်ဖြစ်နိုင်ပါက အစားအစာကိုကိုယ်တိုင်လုံလောက်ဖူလုံနိုင်စွမ်းရှိရန် လတ်တလောရည်ရွယ်ထားကြောင်းသိရပါသည်။ Sulaiman က အကယ်၍ကိုယ်တိုင်ဖူလုံမှုရှိပါက တင်သွင်းရန်မလိုအပ်တော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်ဆန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်ထက် တန် ၁ သန်း မြင့်တက်လာနိုင်သည့်အတွက် ပြည်တွင်းစားသုံးမှုကို ဖူလုံစေနိုင်ကြောင်းနှင့် ထိုဆန်တန်ချိန် ၁ သန်းသည် တန်ဖိုးအားဖြင့်အင်ဒိုနီးရှားရူပီး ၁၂ ထရီလီယံခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗဟိုစာရင်းအင်းအေဂျင်စီ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဆန်ရိတ်သိမ်းဧရိယာသည် ခန့်မှန်း သန်း ၁၀.၀၅ ဟတ်တာရှိပြီး၂၀၂၃ ခုနှစ်ကထက် ၁.၆၄ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်းသိရပါသည်။ ယခုနှစ်အတွက်စားသုံးရန်ဆန်ထုတ်လုပ်မှုသည် ခန့်မှန်းတန် ၃၀.၃၄ သန်းရှိပြီး ၂၀၂၃ ခုနှစ်ကထက်၂.၄၃ ရာခိုင်နှုန်းနည်းပါးခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)