
ဂျပန်နိုင်ငံ၏ MIRARTH Agri Tech ကုမ္ပဏီသည် ယခုနှစ်တွင် သီဟိုဠ်စေ့ထုတ်ကုန် ပစ္စည်းတန်ချိန် ၂၅၀ ကို ဥရောပသမဂ္ဂ(EU) ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရန်စီစဉ်ထားပြီးဖြစ်သည်။ ထိုတင်ပို့မှုသည် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် နိုင်ငံတကာဈေးကွက်များကို ဖော်ဆောင်ရန်နှင့်လုံခြုံစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ ကြိုးပမ်းအားထုတ်မှုကို အလေးပေးဖော်ပြခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှ အတွင်းရေးမှူး Samheng Bora နှင့် ပို့ကုန် တိုးမြှင့်ရေးလုပ်းငန်းအဖွဲ့ဥက္ကဋ္ဌတို့၏ ပထမဆုံးသီဟိုဠ်စေ့တင်ပို့ခြင်းလုပ်ငန်းများကို စတင်ခဲ့ သည်။ အဆိုပါအခမ်းအနားကို Kampong Thom မြို့တွင်ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) အတွင်းရေးမှူး၊ Kampong Thom ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး Nhim Ban Kheng၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) အဖွဲ့ဝင်များနှင့် ဒေသခံ (၅၀၀) ခန့်တက်ရောက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ပြုပြင်ခြင်း ကဏ္ဍအရည်အသွေးကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကမ္ဘောဒီးယားအစိုးရ၊ သက်ဆိုင်ရာမိတ်ဖက်နိုင်ငံများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(MOC) မှထုတ်ပြန်ခဲ့သည်။ ဥရောပဈေးကွက်သို့ အောင်မြင်စွာတင်ပိုနိုင်သည့် Kampong Thom စက်ရုံမှထွက်ရှိသော သီဟိုဠ်စေ့များသည် နိုင်ငံတကာဈေးကွက်စံချိန် စံညွှန်းများနှင့်ကိုက်ညီမှုရှိပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်စေရန် ထောက်အကူဖြစ်စေရန်သက်သေပြနေပါသည်။ ကမ္ဘောဒီးယားနိုင်ငံသီဟိုဠ်စေ့အသင်း (CAC) ၏ အဆိုအရ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ သီဟိုဠ်စေ့တန်ချိန် ၈၄၀,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)