BCPG သည် ဗီယက်နမ် လေရဟတ်ခြံ ၂ ခုတွင် ရှယ်ယာ ဘတ် ၄.၅ ဘီလီယံ

Powered by Drupal

                စွမ်းအင်လုပ်ငန်းစု Bangchok Corporation Plc ၏ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် ဓါတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် BCPG Plc သည် ဗီယက်နမ်နိုင်ငံရှိ လေအား လျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်ခြံနှစ်ခုတွင် ဘတ်ငွေ ၄.၅ ဘီလီယံ တန်ဖိုးရှယ်ယာများကို ဝယ်ယူခြင်းဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏လုပ်ငန်းကို တိုးချဲ့လျက်ရှိသည်။ ဗီယက်နမ် အလယ်ပိုင်း Gai Lai ခရိုင်တွင်ရှိသော လေအားလျှပ်စစ်စီမံကိန်းနှစ်ခုစလုံးသည် လာအိုနိုင်ငံရှိ လေအားလျှပ်စစ်စက်ရုံတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် ကုမ္ပဏီမှဝယ်ယူထားသော ဒုတိယမြောက်ပိုင်ဆိုင်မှုကိုကိုယ်စားပြုသည်။ ကုမ္မဏီသည် မကြာသေးမီက အစုရှယ်ယာဝယ်ယူမှု သဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး ပေါင်းစပ်လျှပ်စစ်ဓါတ် အား ၉၉ မဂ္ဂါဝပ်ဖြင့် လေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် စက်ရုံနှစ်ရုံတွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့သည်။ အစုရှယ်ယာဝယ်ယူမှု အရောင်းအဝယ်သည် ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း အပြီးသတ်ရန်မျှော်လင့်ထားကြောင်းသိရသည်။ အဆိုပါ လေအားလျှပ်စစ်စက်ရုံနှစ်ရုံမှာ Che Bien Tay Nguyen လေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း (၄၉.၅ မဂ္ဂါဝပ်) နှင့် Phat Trieh Mien Nui လေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံစီမံကန်း (၄၉.၅ မဂ္ဂါဝပ်)တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် BCPG သည် မုတ်သုံလေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံအတွက် ထုတ်လုပ်မှုနှင့် လည်ပတ်ခွင့် လိုင်စင်များရရှိခဲ့သည်။ လာအိုနှင့် BCPG အစိုးရတို့ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ Seong နှင့် Attapeu ပြည်နယ်များတွင် ၆၄၀၀ ဟတ်တာကျယ်ဝန်းသည့် ဧရိယာတွင် မုတ်သုံရာသီကို ဖော်ဆောင်လျက်ရှိသည်။ လာအိုအစိုးရမှ လေရဟတ်ခြံလည်ပတ်မှုအတွက် ၂၅ နှစ်လိုက်လျှော့မှုပေးခဲ့ကြောင်း Asia Wind Energy Association ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည်မုတ်သုံလေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မှုမှာ ယခုအခါ ၈၉% ပြီးစီးနေပြီဟု BC PG မှ ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံအားလာမည့်နှစ်အစောပိုင်းတွင် စမ်းသပ်မှုစတင်ရန် စီစဉ်ထားပြီး ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ လာအိုနှင့် ဗီယက်နမ်ရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများသည် ကုမ္ပဏီ၏ Greener Diversified Portfolio ပရောဂျက်၏ အစိတ်အပိုင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလမှစ၍ ၂၀၃၀ ဝန်းကျင်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲဓါတ်အားအချို့အား ၆၂% မှ ၇၀% အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း Mr Niwat မှ ပြောကြားခဲ့သည်။ ၎င်း၏ ဓါတ်ငွေ့အခြေခံလျှပ်စစ်ဓါတ်အားကို ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၃၈% မှ ၃၀% သို့ လျှော့ချရန်သတ်မှတ်ထားကြောင်း သိရသည်။ BCPG သည် လက်ရှိတွင် ထိုင်း၊ ထိုင်ဝမ်၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အမေရိကန်တို့တွင် နေစွမ်းအင်၊ ရေအားလျှပ်စစ်၊ လေစွမ်းအင်နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများကို ပိုင်ဆိုင်ထားကြောင်းသိရှိရပါသည်။

Source : Bangkokpost

DOCA(ရန်ကုန်)