ဗီယက်နမ်နှင့်ဘူဂေးရီးယားတို့ကုန်သွယ်မှုပမာဏမြှင့်တင်မည်

Powered by Drupal

            ဘူဂေးရီးယားသမ္မတ Rumen Radev ၏ ဗီယက်နမ်နိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် လမ်းကြောင်းများ ရှာဖွေသွားမည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien က ၁၉၅၀ ခုနှစ်တွင် ဘူဂေးရီးယားသည် ကမ္ဘာပေါ်တွင်ဗီယက်နမ်နိုင်ငံကို အသိအမှတ်ပြုသည့် ပထမဆုံးဆယ်နိုင်ငံထဲတွင်ပါဝင်ပြီး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါဗီယက်နမ်နိုင်ငံသည် နှစ်စဉ်အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်ဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံလေးဆယ်ထဲတွင်ပါဝင်နေကြောင်းသိရပါသည်။ ထိုစီးပွားရေးအင်အားသည် ဗီယက်နမ်နိုင်ငံအား အကြီးမားဆုံးနိုင်ငံတကာကုန်သွယ်သည့် ထိပ်ဆုံးနိုင်ငံ ၂၀ နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်သည့်ထိပ်ဆုံး ၁၅ နိုင်ငံတွင် ပါဝင်စေခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ များစွာသော လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များတွင် ပါဝင်မှုကြောင့် ဘူဂေး ရီးယားလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံမှတစ်ဆင့် အာဆီယံဈေးကွက်နှင့် အခြား နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်ကြောင်းသိရပါသည်။ လတ်တလောတွင်လည်း ဗီယက်နမ်လုပ်ငန်းများသည် ဥရောပနှင့်အမေရိကနိုင်ငံများပါဝင်သည့် ပြည်ပတွင် သတင်း အချက်အလက်နည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုစတင်လျှက်ရှိကြောင်း သိရပါသည်။ Dien က ဘူဂေးရီးယားအစိုးရအနေဖြင့် အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘူဂေးရီးယားအစိုးရအနေဖြင့် ဗီယက်နမ်လုပ်ငန်းများ ဘူဂေးရီးယားဈေးကွက်သို့ဝင်ရောက် ရာတွင် ပံ့ပိုးပေးရန် မျှော်လင့်ကြောင်းနှင့် အကယ်၍ဘူဂေးရီးယားလုပ်ငန်းများ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံရန်စဉ်းစားပါက ၎င်းတို့အနေဖြင့် ဆန်းသစ်တီထွင်မှု၊ သိပ္ပံနည်းပညာ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့်  အစိမ်းရောင်အသွင်ကူးပြောင်းရေးတို့တွင် အဓိကထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များ အရ ယခုနှစ်ပထမ ဆယ်လတာကာလတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၉.၂ သန်းရှိပြီး ၂၀၂၃ တူညီသည့်ကာလထက် ၃၀.၃ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ချည်မျှင်၊ ကော်ဖီစေ့၊ ရာဘာ၊ ဆန်၊ သီဟိုဠ်စေ့၊ အဝတ်အထည်၊ လက်ကိုင်အိတ်များ၊ သားရေနှင့် အားကစားစီးဖိနပ်များ၊ ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ရုံးသုံပရိဘောဂ၊ အိမ်သုံးပလတ်စတစ်ထုတ်ကုန်များနှင့် ဆေးရွက် ကြီးကုန်ကြမ်းတို့အစရှိသည့် အဓိကပို့ကုန်များ၏ မောင်းနှင်အားကြောင့် ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၀၅.၃ သန်း ရရှိခဲ့ကြောင်းသိရပါသည်။ ထိုအဟုန် ကိုဆက်လက်ထိမ်းသိန်းရန် ဝန်ကြီးဌာနသည် ဗီယက်နမ် လုပ်ငန်းများအား ဘူဂေးရီးယား ဈေးကွက်တက်ကြွစွာရှာဖွေရန်၊ မိတ်ဖက်များရှာဖွေရန်နှင့် ၎င်းတို့၏ထုတ်ကုန်များကို ကြေညာခြင်းမြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)