အိန္ဒိယနိုင်ငံသည် တရုတ်၊ ဂျပန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီတို့ နိုင်ငံများမှ ပန်းသီး၊ အခွံမာသီး၊ အရက်ယာမကာနှင့် ဆူရှီကဲ့သို့သော ကုန်ပစ္စည်းများ တင်သွင်းမှုကို ပယ်ချခဲ့ပြီး စံချိန်မမှီသော စားသောက်ကုန်တင်သွင်းမှုများကို တင်းကျပ်စွာ အရေးယူခဲ့သည်။ ထိုထုတ်ကုန်များမှာ India Food Safety and Standard Authority of India (FSSAI) မှ သတ်မှတ်ထားသော အရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီကြောင်း သိရသည်။ FSSAI သည် အိန္ဒိယ၏ ထိပ်တန်းအစားအစာထိန်းညှိသူဖြစ်ပြီး ၎င်း၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အားအသောက် တင်သွင်းမှုငြင်းပယ်ခြင်းသတိ (FIRA) ပေါ်တယ်မှ အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်အစားအသောက် ဘေးကင်းရေးနှင့် စံချိန်စံညွှန်းများ (သွင်းကုန်) စည်မျဉ်းဥပဒေ ၁၁(၇) အရ FSSAI သည် အစားအသောက်သတိပေးချက် အကြောင်းကြားချက်များ ကို ထုတ်ပြန်ရန်အခွင့်အာဏာရှိသည်။ ဥပမာအားဖြင့် သီရိလင်္ကာမှ ကွမ်းသီးစေ့များတွင် မှိုနှင့် အခြားချို့ယွင်းချက်များ မျက်မြင်တွေ့ရှိခဲ့ရသောကြောင့် ပယ်ချခဲ့သည်။ Rooibos ပါဝင်ပစ္စည်းအား အိန္ဒိယတွင် လက်မခံသောကြောင့် ဂျပန်မှ တင်သွင်းသော ကျန်းမာရေးဖြည့်စွက်စာဟု တံဆိပ်တပ်ထားသော လက်ဖက်ခြောက်အိတ်များသည်လည်း အစစ်ဆေးခံရလျက်ရှိသည်။ တူရကီမှ လတ်ဆက်သော အနီရောင်ပန်းသီးများသည် ၎င်းတို့၏ သက်တမ်းတိုးတောင်းမှုကြောင့် ဇူလိုင်လတွင် တင်သွင်းမှုကျဆင်းသွားပြီး တရုတ်နိုင်ငံမှ Budweiser ၏အရက်မဟုတ်သော ဘီယာ (Green apple) သည် လက်မခံနိုင်လောက်စရာ PH Level တွင် ရှိနေသောကြောင့် မေလတွင် ငြင်းပယ်ခံခဲ့ရသည်။ တရုတ်ဆူရှိနိုရီ (ပင်လယ်ရေမှော်)သည် လေးလံသော သတ္တုများနှင့် အာဆင်းနစ်များ ပါဝင်သောပါဝင်သောကြောင့် ပိတ်ဆို့ခဲ့သည်။ အိန္ဒိယသို့ တင်သွင်းသော ကုန်ပစ္စည်းများသည် စာရွက်စာတမ်းစစ်ဆေးခြင်း၊ မျက်မြင်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲခန်းစစ်ဆေးခြင်းတို့ အပါအဝင် အတည်ပြုစစ်ဆေးမှု သုံးဆင့်ကို ဖြတ်သန်းရမည်ဖြစ်ကြောင်းသိရသည်။ ဘေးကင်းမှု အန္တရာယ်များ (ဥပမာ- ပိုးသတ်ဆေးများ၊ လေးလံသော သတ္တုများ)၊ အရည်အသွေးပြည့်ဝမှုများ (ဥပမာ- အစိုဓါတ်၊ အဆီပါဝင်မှု)၊ မသင့်လျော်သော တံဆိပ်ကပ်ခြင်း သို့မဟုတ် စာရွက်စာတမ်း မပြည့်စုံမှုစသည့် အကြောင်းအရင်းများကြောင့် ထုတ်ကုန်များကို မကြာခဏငြင်းပယ်ခဲ့ရခြင်းဖြစ်သည်။ FSSAI ၏ ဆောင်ရွက်ချက်များသည် အများသူငှာကျန်မာရေးကို ကာကွယ်ပေးရန် ၎င်း၏ ကတိကဝတ်ကို ထင်ဟပ်နေပြီး အရည်အသွေးမြင့်စားသောက်ကုန်များသာ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာစေ ရန် အာမခံလျက်ရှိကြောင်း သိရသည်။
Source : addaderna
DOCA(ရန်ကုန်)