တူရကီနှင့် အိုမန်တို့သည် ဒေါ်လာ ၅ ဘီလီယံ ကုန်သွယ်မှု ပမာဏရှိလာစေရန် ပစ်မှတ်ထား ဆောင်ရွက်လျက်ရှိ

Powered by Drupal

 တူရကီနိုင်ငံသည် အိုမန်နှင့် ၎င်း၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ၂၈.၁၁.၂၀၂၄ ရက်နေ့(ကြာသပတေးနေ့) က ပြောကြားခဲ့သည်။ Ankara ၌ Omani Sultan Haithan Bin Tariq AI Said အလည်အပတ်ရောက်ရှိစဉ် ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် Erdogan က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တူရကီသမ္မတ မှ အိုမန်နိုင်ငံနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်မှစတင်၍ အိုမန်နိုင်ငံမှ ဓါတ်ငွေ့ရည်များ ထောက်ပံ့မှုစတင်ခြင်းဖြင့် နှစ်နိုင်ငံစွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု ခေတ်သစ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တူရကီနှင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီများသည် ယခုအချိန်အထိ အိုမန်တွင် ၇ ဘီလီယံတန်ဖိုးရှိ ပရောဂျက်များပြီးစီးနေပြီဟု Erdogan က ဆက်လက်ပြောကြားခဲ့သည်။ တူရကီသို့ အလည်အပတ်ရောက်ရှိနေသော ပထမဆုံး Omani နိုင်ငံအကြီးအကဲ Haitham က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် နှစ်နိုင်ငံလက်တွဲလုပ်ဆောင်သင့်ကြောင်း၊ အိုမန်နိုင်ငံနှင့်ပတ်သက်သော နိုင်ငံတကာ ကိစ္စရပ်များအတွက် တူရကီ၏ရပ်တည်မှုနှင့် ရပ်တည်ချက်ကို အိုမန်မှ ထောက်ခံကြောင်းပြောကြား ခဲ့သည်။ Haitham ၏ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု စိုက်ပျိုးရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ ယဉ်ကျေးမှု၊ သံခင်းတပန်ခင်း၊ ဗဟိုဘဏ်များနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အဓိကကဏ္ဍများပါဝင်သော သဘောတူညီချက် (၁၀)ချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)