Volkswagen Group နှင့် SAIC Motor တို့သည် ရှန်ဟိုင်းတွင် ၎င်းတို့၏ ဖက်စပ်စာချုပ် ကို ၂၀၄၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုရန် ၂၇.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) ကကြေညာခဲ့ပြီး ၎င်းတို့၏ ရေရှည်လက်တွဲမှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။ SAIC Volkswagen သည် ခရီးသည်တင်ကားများအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးဖက်စပ်လုပ်ငန်းဖြစ်သည်။ ဖက်စပ်လုပ်ငန်းသက်တမ်းအား ၅၅ နှစ်အထိ တိုးမြင့်ထားသည့်စာချုပ်ကို ဒုတိယအကြိမ် သက်တမ်းထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ Volkswagen AG ၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ အဖွဲ့ဝင် Ralf Brandstatter မှ တရုတ်နိုင်ငံတွင် ၎င်းတို့၏ အောင်မြင်မှု၏ အခြေခံအုတ်မြစ်သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများတွင် တည်ရှိကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲတွင် ဗီဒီယိုလင့်မှ တဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၃၀ ခုနှစ် SAIC Volkswagen သည် ကားမော်ဒယ်အသစ် ၁၈ စီးကို မိတ်ဆက်ရန် စီစဉ်နေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ ထိုကား ၁၈ စီးမှ ၁၅ စီးအား တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် Volkswagen Group ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၏ အုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း Brandstatter မှ ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)