ဗီယက်နမ်နိုင်ငံ Nghe An ပြည်နယ်သည် Tho Loc စက်မှုဇုန်တွင် Mega Textile Singapore Limited ၏အမေရိကန်ဒေါ်လာ သန်း ၅၉၀ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းကို အခြေခံ သဘောတူချက်အားဖြင့် ခွင့်ပြုပေးလိုက်ပြီဟု သိရပါသည်။ ထိုစင်ကာပူလုပ်ငန်းသည် မြေ ၅၁ ဟတ်တာပေါ်တွင် အကောင်အထည်ဖော်မည့်စီမံကိန်းအတွက် Mega Textile Vietnam Co.Ltd ကိုတည်ထောင်မည်ဟု သိရပါသည်။ ထိုစီမံကိန်း၏ရည်ရွယ်ချက်သည် ရက်ထည်၊ ဇာထိုးထည် များ၊ အရောင်ဆိုးချည်ထည်များ၊ အဝတ်အထည်များနှင့် ခါးပတ်များပါဝင်သည့် ကျယ်ပြန့်သော အထည်အလိပ်များ ထုတ်လုပ်ရန်ဖြစ်ကြောင်း သိရပါသည်။ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းသည် မှန်းချေအားဖြင့် ရက်ထည် ၆၇၂၀၀ တန်၊ ဇာထိုးထည် ၁၀၃၀၀ တန်၊ အရောင်ဆိုးချည်ထည် ၇၂၀၀ တန်၊ ခါးပတ် သန်း ၁၀၀ တန်နှင့် အဝတ်အထည်သန်း ၁၃၀ တို့ဖြစ်ကြောင်း သိရပါသည်။ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းစဉ်များပြင်ဆင်မှုသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် ပြီးပြတ်မည်ဟု သိရပါသည်။ ၂၀၂၈ ခုနှစ်ဒုတိယသုံးလပတ်ကာလတွင် ပထမအဆင့်အနေဖြင့် တရားဝင်လည်ပတ်မှု စတင်မည်ဖြစ်ပြီး ဒုတိယအဆင့်မှာ ၂၀၃၀ ခုနှစ် ဒုတိယသုံးလပတ်ကာလနှင့် တတိယအဆင့်မှာ ၂၀၃၄ ခုနှစ်ဒုတိယသုံးလပတ်ကာလတွင် စတင်မည်ဟု သိရပါသည်။ စတင်လည်ပတ်ပါက စီမံကိန်းသည် ပြည်နယ်၏ဝင်ငွေကို သိသိသာသာတိုးတက်စေမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၅၀၀၀ ဖန်တီးပေးနိုင်မည်ဖြစ်ကာ ပြည်နယ်တွင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ အထည်အလိပ်လုပ်ငန်း နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု သိရပါသည်။ Mega Textile Singapore Limited ကို ၂၀၂၈ ခုနှစ်ဖော်ဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး Hong Kong Exchange တွင် ကုမ္ပဏီစာရင်းဝင်ဖြစ်သည့် Best Pacific International Holdings Limited ကပိုင်ဆိုင်ကြောင်း သိရပါသည်။ Best Pacific သည် အဝတ်အထည်နှင့်ခါးပတ်များ ထုတ်လုပ်ခြင်းနှင့်ကုန်သွယ်ခြင်း၊ ကမ္ဘာ့ထိပ်တန်းအားကစားဝတ်စုံနှင့် အမျိုးသမီးအတွင်းခံ အမှတ်တံဆိပ်များကို ရောင်းချခြင်းတို့တွင် နာမည်ကျော်ကြောင်း သိရပါသည်။ ဗီယက်နမ်တွင် Best Pacific သည် ၎င်းတို့၏ပထမဆုံးစက်ရုံကို Hai Duong ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က တည်ထောင်ခဲ့ပြီးအလုပ်အကိုင် ၁၆၀၀ ကျော်ကို ခန့်အပ်နိုင်ခဲ့ကြောင်း သိရပါသည်။ ယခု စီမံကိန်းသစ်သည် ဗီယက်နမ်တွင် ၎င်းတို့၏ အကြီးမားဆုံး စီမံကိန်းဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)