EV ကဏ္ဍသည်ကမ္ဘောဒီးယားနိုင်ငံတွင် အလားအလာမြင့်မား

Powered by Drupal

      EVs နှင့် EV Showcase များစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအမျိုးသားမဟာဗျူဟာ ဥပဒေရေးဆွဲရေးဆိုင်ရာ နည်းပညာကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လျှပ်စစ်မော်တော်ကား (EV) ကဏ္ဍကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အများပြည်သူ သက်သာချောင်ချိရေးမြှင့်တင်ပေးရုံသာမက စီးပွားရေးကွဲပြားမှုနှင့် စွမ်းအင်လုံခြုံရေးမြှင့်တင်မှုတို့တွင် ပံ့ပိုးပေးနိုင်သည့် အလားအလာတစ်ခုအဖြစ် ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Peng Ponea မှ သတ်မှတ်ပြောကြားခဲ့သည်။ ဝန်ကြီးက လောင်စာစွမ်းအင်သုံးယာဉ်များမှဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် လေထုအရည်အသွေးကျဆင်းမှုနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကိုဖြစ်စေသည့်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုများ တိုးလာကာ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသည့်အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ EV Showcase 2024 သည် ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဓာတ်ခွဲခန်းတို့ အကြားဒုတိယအကြိမ်မြောက်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ EV မူဝါဒကိုပြသရန်နှင့် ကမ္ဘောဒီးယားရှိစွမ်းအင်ကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ အပေါ်သက်ဆိုင်သူများနားလည်မှုတိုးပွားစေရန်ရည်ရွယ်ထားသည်။ နိုင်ငံတော်တွင်ရေပန်း အစားဆုံး EV အမှတ်တံဆိပ် (၃) ခုမှာ တရုတ်မှ BYD ၊ ဂျပန်မှ Toyota နှင့် အမေရိကန်မှ Tesla တို့ဖြစ်သည်။ လက်ရှိတွင် EV အားသွင်းစခန်းများကို  နိုင်ငံအတွင်းရှိနေရာ ၁၈ ခုတွင် ဖွင့်လှစ်ထားသည်။ ကမ္ဘောဒီးယားအစိုးရသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ၂၀၅၀ တွင် လျှပ်စစ်ကားများနှင့် မြို့ပြဘတ်စ်ကား ၄၀ ရာခိုင်နှုန်းနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ၇၀ ရာခိုင်နှုန်းအထိရှိရန် ခန့်မှန်းထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)